အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါဂါလီဘာသည် လွန်ခဲ့သော သီတင်းပတ်များတွင် လက်ဘနွန် နိုင်ငံ ဘေရွတ်အလယ်ပိုင်း ရှိ အပြင်းထန်ဆုံးသော အစ္စရေးတိုက်ခိုက်ခဲ့သည့်နေရာကို အောက်တိုဘာ ၁၂ ရက်တွင် လာရောက်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ဓာတ်ပုံဆရာက ပြောကြားခဲ့သည်။
တိုက်ခိုက်ခံရသည့် ဘေရွတ်အလယ်ပိုင်းကို လာရောက်ရာတွင် ဂါလီဘာနှင့်အတူ ဟစ်ဇဘိုလာ လွှတ်တော်အမတ် နှစ်ဦးလည်းလိုက်ပါလာခဲ့သည်ဟု ဆိုသည်။
လူဦးရေထူထပ်သော ဘာစဝာာဧရိယာကို အောက်တိုဘာ ၁၀ ရက်ညတွင် အစ္စရေးက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သောကြောင့် အနည်းဆုံး ၂၂ ဦးသေဆုံးသွားခဲ့ပြီး ၁၁၇ ဦး ဒဏ်ရာရသွားခဲ့သည်ဟု ဟစ်ဇဘိုလာနှင့်နီးစပ်သော သတင်းအရင်းအမြစ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
ယင်းလေကြောင်းတိုက်ခိုက်မှုသည် အီရန်ကျောထောက် နောက်ခံပြု ဟစ်ဇဘိုလာအုပ်စု၏ လုံခြုံရေးအကြီးအကဲ ဝါဖစ်ဆာဖာကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ သို့ရာတွင်ဝါဖစ်ဆာဖာ၏ ကံကြမ္မာကို မသိရသေးဟု ဟစ်ဇဘိုလာ သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။
အစ္စရေးသည် ဂါဇာကမ်းမြောင်တွင် ဟားမာ့စ်ကို တစ်နှစ်နီးပါး ထိုးစစ်ဆင်ခဲ့ပြီးနောက် ယခုအခါ လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာအုပ်စုကို အာရုံပြောင်းပစ်မှတ်ထားလာခဲ့သည်။
စက်တင်ဘာ ၂၃ ရက်မှစတင်၍ အစ္စရေးက ဟစ်ဇဘိုလာကို ထိုးစစ်ဆင်တိုက်ခိုက်မှုများပိုမိုလုပ်ဆောင်နေသောကြောင့် လက်ဘနွန်တွင် လူ ၁,၂၀၀ ကျော် သေဆုံးခဲ့သည်။
Photos:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
