သီတင်းကျွတ် ပိတ်ရက်ကာလအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ ငွေဆောင်နှင့် ရွှေသောင်ယံကမ်းခြေများရှိ ဟိုတယ်အခန်း ကြိုတင်မှာယူသူ ၆၀ ရာခိုင်နှုန်းသာရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
” ဒီနှစ်ကတော့ ကမ်းခြေတွေကို ပုံမှန်ရက်တွေမှာလည်း ခရီးသွားဧည့်သည်တွေ လျော့နည်းနေတယ်။လာမယ့် သီတင်းကျွတ်ကာလ အားလပ်ရက် အပန်းဖြေဖို့အတွက်ဆိုပြီး ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းကြိုတင်မှာယူတာတွေ အရမ်းနည်းနေသေးတယ်။ ပုံမှန်အရင်ကဆိုရင် ဒီလို အားလပ်ရက်နီးလာရင် ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းကြိုယူတာ ၁၀၀ ရာခိုင်နှုန်းပြည့်သလောက် ဖြစ်ခဲ့တာ”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ဧရာဝတီတိုင်းရှိ ကမ်းခြေများတွင် လုပ်ငန်းလိုင်စင် ထုတ်ပေးထားသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ အလုံးရေ (၁၂၀) အထိရှိပြီး ပုသိမ်မြို့နှင့်တခြားဒေသများတွင် (၄၆) လုံး၊ ငွေဆောင်ကမ်းခြေတွင် (၃၅) လုံး၊ ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေတွင် (၃၉) လုံး ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းရှိ ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ ချောင်းသာကမ်းခြေ ခရီးစဉ်များနှင့် ဆက်စပ်ပြီး ခရီးသွားဧည့်သည်များ လည်ပတ်နိုင်ရန်အတွက် သစ်တောဦးစီးဌာနများက ဆင်စခန်းများနှင့် ပေါင်းစပ်ပြီး မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်း စသည့်စိတ်ဝင်စားစရာ နေရာများကို စီစဉ်ထားကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
