ဧရာဝတီတိုင်း၊ မြန်အောင်မြို့ရှိ CK ဖုန်းဆိုင်တွင် ယနေ့ အောက်တိုဘာ ၁၃ ရက်ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီး သတ်တပ်ဖွဲ့နှင့်ဒေသခံများထံမှ သိရသည်။
မြန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်တွင်ဖွင့်လှစ်ထားသော CK ဖုန်းနှင့်ကာဗာနန်းတော်ဆိုင်၌ မီး လောင်ကျွမ်းမှုဖြစ်ပွား၍ မြန်အောင်မြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအ သင်းဝင်များနှင့်အနီးဝန်းကျင်နေသူများက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၄)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
” ဖုန်းဆိုင်မှာမီးလောင်တာပါ။ အဲဒီနေက ဆိုင်ခန်းတွေဘဲဖွင့်ထားတာ။ မီးသတ်နဲ့လူမှုကူညီရေးအသင်းဝင်တွေဝိုင်းငြှိမ်းပေးခဲ့ကြတယ်။ ကျွန် တော်တို့ကတော့ ဘေးကနေလိုအပ်တာတွေဝိုင်းကူပေးခဲ့ပါတယ်။ ပျက်စီးမှုကတော့ရှိတယ်။ အ ခု စစ်ဆေးနေကြတယ်။ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ မီးလောင်ချိန်က ၂၅ မိနစ်လောက်ကြာတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် ညနေ ၅ နာရီ ၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီး ဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူ များက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
