အရှေ့တောင်အာရှခေါင်းဆောင်များက နိုင်ငံတကာ ဥပဒေကို အခြေခံသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာကိုဓ ဥပဒေအတွက် သဘောတူညီချက် အမြန်ရရှိရေး ကို တနင်္ဂနွေနေ့တွင် တိုက်တွန်းခဲ့သကဲ့သို့ မြန်မာနိုင်ငံရှိ တိုက်ပွဲများ ချက်ချင်းရပ်တန့်ကာ ပြည်တွင်းစစ်အဆုံးသတ်စေမည့် အားလုံးပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးတို့ကို တောင်းဆိုခဲ့ကြသည်။
အာဆီယံ ဥက္ကဌ၏ သတင်းထုတ်ပြန် ကြေငြာချက်သည် လာအိုနိုင်ငံတွင် သောကြာနေ့၌ ပြီးဆုံးခဲ့သော အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံခေါင်းဆောင်များ၏ အစည်းအဝေးများမှ သဘောတူညီချက်များကို ကိုယ်စားပြုပြီး ယင်းအစည်းအဝေးသို့ အမေရိက၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။
အရေးပါသည့် ရေလမ်းကြောင်းတစ်ခုလုံးနီးပါး ကို ပိုင်ဆိုင်သည်ဟု အခိုင်အမာပြောကြားထားသော တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်၊ ဗီယက်နမ် အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင် အငြင်းပွားရေပိုင်နက်ကိစ္စနှင့် ပတ်သက်၍ ထိပ်တိုက်တွေ့မှုများ ကြီးမားနေခဲ့သည်။
အတိုက်ခိုက်ခံခဲ့ရပါက ဖိလစ်ပိုင်ကို အကာအကွယ်ပေးသွားမည်ဟု စာချုပ်ချုပ်ဆိုထားသော အမေရိကန်ပြည်ထောင်စုပါ ပါဝင်လာနိုင်သည် အထိအန္တရာယ် ကြီးမားလာသည်။
နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ထရီလျံဖိုးခန့် ကုန်သွယ်ရာဒေသဖြစ်သော ပင်လယ်ပြင်သည် အာဆီယံအစည်းအဝေးများတွင် အဓိကအချေအတင် ဆွေးနွေးရသည့် ကိစ္စတစ်ခုဖြစ်ခဲ့ပြီး အထူးသဖြင့် ရုရှားနှင့် တရုတ်တို့က ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ကိုးကားခြင်းကို ဆန့်ကျင်ကြသည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောဆိုသည်။
တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများနှင့် မတော်တဆဖြစ်ရပ်များ၊ နားလည်မူလွဲခြင်းများ နှင့် တွက်ချက်မှုလွဲမှားခြင်းများ ဖြစ်နိုင်သည် အန္တရာယ်ကို လျှော့ချနိုင်ရန် ယုံကြည်မှုတည်ဆောက်ရေး အစီအမံများချမှတ်ရန်တွက် အာဆီယံ ကြေညာချက်တွင် တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂ ကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာ ဥပဒေနှင့်အညီ ထိရောက်ပြီး ခိုင်မြဲသော ကိုဓ ဥပဒေတစ်ရပ်ကို ဆောလျင်စွာ အပြီးသတ်ပြဌာန်းနိုင်ရန် အာဆီယံက မျှော်လင့်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများနှင့် ပတ်သက်၍မူ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ လူသားချင်း စာနာမှုအကူအညီများ ပေးအပ်နိုင်ရန်နှင့် မြန်မာကိုယ်တိုင် ဦးဆောင်သည့် အားလုံးပါဝင်သော နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲများအတွက် မြန်မာကိုယ်တိုင် သင့်လျော်သည့် ဝန်းကျင်အခြေအနေတစ်ခု ဖန်တီးပေးရန် အာဆီယံက တိုက်တွန်းခဲ့သည်။
ယခုနှစ်ကုန်ပိုင်းတွင် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများလည်း ပါဝင်လာနိုင်သည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲများကို လက်ခံကျင်းပပေးမည့် ထိုင်းနိုင်ငံ၏ စီမံကိန်းကိုလည်း အာဆီယံက ကြိုဆိုခဲ့သည်။
Ref: ယူအက်စ်နူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
