ဘင်္ဂလားပင်လယ် အော်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာ အောက်တိုဘာ (၂၀) ရက် နောက်ပိုင်း ပိုမိုအားကော င်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်သည့်အတွက် မြန် မာနိုင်ငံတောင်ပိုင်းဒေသအချိ့တွင် မိုးသက်လေပြင်းကျ၍ လှိုင်းကြီးနိုင်သေးကြောင်း ပြင်ပမိုးလေဝသပညာရှင်ဦးဝင်း နိုင်က မုန်တိုင်းကြိုတင်ခန့်မှန်းချက်အဖြစ် လူမှုကွန်ရက်စာ မျက်နှာမှတဆင့် အသိပေးထားသည်။
ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်အတွင်း အော က်တိုဘာ (၁၄)ရက်မှ (၁၆)ရက်ဝန်းကျင်တွင် ဖြစ်လာနိုင်သ ည့် လေဖိအားနည်းရပ်ဝန်းမှာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (DEEP DEPRESSION) (ခ) မုန်တိုင်းငယ်အ ဆင့်အထိ ရောက်နိုင်ကြောင်း ၎င်းက ဆိုသည်။
“မုန်တိုင်းငယ်အဆင့်အထိ ရောက်နိုင်ကြောင်း တွေ့ရပေမယ့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုကတော့ အတော်နည်းတာတွေ့ရပါတယ်။ မွန်းလွဲ/ညနေပိုင်းအချိန်တွေ မိုးပါးပါးရွာနိုင်မယ့် အဆင့်လောက်သာရှိပြီး ကြိုတင်ခန့်မှန်းချက် လမ်း ကြောင်းအရ မြန်မာ့ကမ်းရိုးတန်းနဲ့လည်း ဝေးပါတယ်”ဟု ၎င်းက ရေးသားထားသည်။
အဆိုပါ အခြေနေများကြောင့် အောက်တိုဘာ (၂၃)ရက်နှင့် (၂၄) ရက်တို့တွင် မြန်မာနိုင်ငံတောင်ပိုင်း (အထူးသဖြင့် မြစ် ဝကျွန်းပေါ်ကမ်းရိုးတန်း၊ မွန် ၊ ကရင်၊ တနင်္သာရီကမ်းရိုးတ န်း၊ ရခိုင်ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်မည့် အခြေအနေပိုပြီးများနိုင်ကြောင်း ၎င်းကဆိုသည်။
၎င်းမှာ AI ဉာဏ်ရည်တု မော်ဒယ်ကြိုတင်ခန့်မှန်းချက်သာရှိနေသေးသော်လည်း မိုးလွန်ကာလ အောက်တိုဘာ (၁၁)ရက် မှ နိုဝင်ဘာလကုန်သည်အထိ အခါလွန်မိုး/ဖျက်မိုးများ အန္တ ရာယ် ရှိနေနိုင်သေးကြောင်း ၎င်းက ခန့်မှန်းရေးသားထား သည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
