ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးရေလျှံမှုဖြစ်ပွားချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပိုင် ပျက်စီးဆုံးရှုံးခဲ့သည့် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ နေအိမ်အဆောက်အဦများကို ပြန်လည်ပြုပြင်ခြင်းအား ၂၀၂၅ ခုနှစ်၊ မတ်လမတိုင်မီပြီးစီးရန် ဌာနဝန်ထမ်းများကဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းက ပြောကြားခဲ့သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ရေဘေးသင့်ဝန်ထမ်းများအား အောက်တိုဘာ ၁၁ ရက်က ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်စဉ်တွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်း၊ တာဝါတိုင်များပြိုလဲခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ ဝန်ကြီးဌာနပိုင်စက်ရုံအချို့ အကြီးစားပျက်စီးဆုံးရှုံးခြင်း၊ ဓာတ်အားပေးစက်ရုံများအတွင်းရေဝင်ရောက်လျက်ရှိ၍ ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ စက်ရုံချဥ်းကပ်လမ်းများပျက်စီးခြင်း၊ ဝန်ထမ်းအိမ်ယာများပျက်စီးခြင်း၊ ရေထုတ်မြောင်းကျောက်စီနံရံများပျက်စီးခြင်း၊ စက်ရုံအတွင်းဓာတ်အားလိုင်းများ ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
“ရေဝင်ရောက်ခဲ့လို့ ဝန်ထမ်းမိသားစုတွေရဲ့ နေ အိမ်၊ အဆောက်အဦတွေနဲ့ တခြားပစ္စည်းတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အဲဒီထဲက အလုံးစုံပျက်စီးဆုံးရှုံးခဲ့တဲ့ ဝန်ထမ်း(၂၂)ယောက်၊ တစ်စိတ်တစ်ပိုင်းနဲ့ အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ဝန်ထမ်း(၁၅၃)ယောက် (စုစုပေါင်း ၁၇၅)ယောက်ရှိခဲ့ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းကပြောသည်။
ထိုဝန်ထမ်းများကို ငွေကြေး၊ အဝတ်အထည်၊ အိမ်သုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးခဲ့ပြီး ယခုတွင်လည်း ထောက်ပံ့ငွေများထပ်မံပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
