ကျောင်းဖွင့်ရာသီတွင် တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ဦးဆောင်၍ အောက်တိုဘာ ၁၂ ရက်နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)၌ကျင်းပခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံပေးနေကာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ ပညာသင်ကြားရေးတို့ကိုလည်း စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။
နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒု- ပါမောက္ခချုပ် ဒေါက်တာခိုင်ဇော်နိုင်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ဒု-ပါမောက္ခချုပ် ဒေါက်တာသင်းသင်းထွေးတို့က နိုဝင်ဘာ ၂၁ ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ အသင့်ဖြစ်စေရန်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
အလားတူ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ချယ်ရီထွန်းမှ အောက်တိုဘာ ၁၅ ရက်တွင် ကျောင်းပြန်ဖွင့်မည်ဖြစ်၍ သင်တန်းသားများရောက်ရှိမှု၊ ကြိုတင်ပြင်ဆင်ထားရှိမှု၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးဦးဆန်းလင်းဗိုလ်က ကျောင်းပြန်လည်ဖွင့်လှစ်မည့်အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ပြန်လည်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံ့သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်များကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် လက် နက်ကိုင်အဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့်ပျက်စီးခဲ့ရသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအား ပြန်လည်ပြင်ဆင်မှုများနှင့်အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
