နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ သုခတော်ဝင်အိမ်ရာတွင် တစ်ဦးတည်းနေထိုင်သည့် အသက် (၆၁)နှစ်အရွယ်ရှိ အမျိုးသမီးကြီးအား လုယက်သ–တ်ဖြ–တ်သွားသူ(၃)ဦးကို အောက်တိုဘာ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများဖြစ်သည့် သုခတော်ဝင်အိမ်ရာဝန်းအနီး ကျူးကျော်တဲနေ မျိုးမင်းထွန်း(၂၄)နှစ်အား အောက်တိုဘာ ၁၀ ရက်မွန်းလွဲ ၁ နာရီ၊ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်နေ ကိုဖြိုး(ခ)ဖြိုးသက်ပိုင်(၂၃)နှစ်အား အောက်တိုဘာ ၁၁ ရက်ည ၉ နာရီနှင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာနေ ငရဲ(ခ)ရဲလင်းဦး(ခ)ရဲရဲ(၂၀)နှစ်အား အောက်တိုဘာ ၁၂ ရက်နေ့လည် ၃ နာရီတို့၌ သက်သေခံပစ္စည်းများနှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ သုခတော်ဝင်အိမ်ရာ၏ တိုက်အမှတ်(K-1)၊ အခန်း(၁၃)၌ တစ်ဦးတည်းနေထိုင်သည့် ဒေါ်စန္ဒာမိုး(၆၁)နှစ်သည် အောက်တိုဘာ ၇ ရက်နံနက် ၁၁ နာရီခန့်က တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့် ေ-သဆုံးနေ၍ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရန် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစ ခန်းက (ပ)၄၃/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၃၉၂ ဖြင့်အမှုရေးဖွင့်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
စစ်ဆေးချက်အရ ကိုဖြိုး(ခ)ဖြိုးသက်ပိုင်သည် ၎င်း၏ ကိုယ်ရေးကိုယ်တာအခက်အခဲများနှင့် ငွေကြေးလိုအပ်ချက်များအားဖြေရှင်းရန် ဒေါ်စန္ဒာမိုးအားသ–တ်ဖြ–တ်၍ ပစ္စည်းများလုယက်ယူဆောင်ရန် မျိုးမင်းထွန်းနှင့် ငရဲ(ခ)ရဲလင်းဦး(ခ) ရဲရဲတို့နှင့်ကြိုတင်တိုင်ပင်ခဲ့ကြသည်ဟု ဆိုသည်။
အခင်းဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၆ ရက်ည ၆ နာရီခွဲတွင် ဒေါ်စန္ဒာမိုး အခန်းသို့သွားရောက်ပြီး ၎င်းတို့သုံးဦးစားသုံးရန်အတွက် ဒေါ်စန္ဒာမိုးမှဆန်များထည့်ပေးနေစဉ် အသင့်ယူလာသည့် ဓားဖြင့် ၄ ချက်ခန့်ထိုးခဲ့ပြီး ဒေါ်စန္ဒာမိုးလဲ ကျသွားစဉ် ဝတ်ဆင်ထားသည့်နားကပ်တစ်ရံနှင့် Samsung Galaxy A32 ဖုန်း ၁ လုံး၊ ငွေကျပ် ၂၀၀၀၀ တို့ကိုယူဆောင်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
