မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့လည် ၃ နာရီ ၅၀ မိနစ်ခန့်နှင့် အမရပူရမြို့နယ်တွင် မွန်းလွဲ ၂ နာရီ ၁၅ မိ နစ်ခန့်တို့က ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြားတွင် CZI ဆိုင်ကယ်စီးလာသူက ယာဥ်စစ်ဆေးမှုများပြုလုပ်နေသည့် ယာဥ်ထိန်းအဖွဲ့အား ေ-သနတ်ဖြင့်ပစ်ခတ်ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် တာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။
ထို့အတူ အမပူရမြို့နယ်၊ မြစ်ငယ်မြို့မအုပ်စု၊ အောင်သပြေရပ်ကွက်ရှိ အရက်ဆိုင်တစ်ဆိုင်သို့ ဆိုင်ကယ်မောင်းလာသည့် အမျိုးသားနှစ်ဦးရောက်ရှိလာကာ အရက်သောက်နေသည့် ဦးဌေးလှိုင်ထွန်း(၄၀)နှစ်နှင့် ကိုမင်းအောင်(၃၉)နှစ်တို့အား ေ-သနတ်ဖြင့်ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးဌေးလှိုင်ထွန်းနှင့် ကိုမင်းအောင်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
