အဆိုတော် အီတိုး ပုဒ်မ ၅၀၅(က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရကြောင်း ၄င်းနှင့် နီးစပ်သည့် တရားလွှတ်တော်ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။
“မနေ့က မရမ်းကုန်းအထူးတရားရုံးက ချမှတ်လိုက်တာပါ။ အလုပ်ပါ ပါတယ်။ သုံးနှစ်ပေါ့။ ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုတယ်လို့ အမိန့်ချပါတယ်” ဟု ၄င်းနှင့်နီးစပ်သည့် တရားလွှတ်တော်ရှေ့နေ့အသိုင်းအဝိုင်းက ပြောကြားသည်။
နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အီတိုးအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၈ ရက် ညပိုင်းက မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းမတိုင်မီ စက်တင်ဘာ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၅ရပ်ကွက်တွင် လက်လုပ်မိုင်းပြုလုပ်သူများအား ဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် အဆိုတော်အီတိုးအား ဆက်လက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုတော် အီတိုးမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာခဲ့သော်လည်း အောက်တိုဘာ ၂ဝရက် တွင် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အီတိုးအပါအဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦးတို့ကို ဖောက်ခွဲရေးကိစ္စများ၊လက်လုပ်မိုင်းတွေ့ရှိမှုများနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
သို့သော် ဖမ်းဆီးမိစဉ်က တွေ့သောလက်နက်များမှာ အီတိုး၏ ပစ္စည်းများမဟုတ်ဘဲ ပိုင်ရှင် ပေါ်ပေါက်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်သာ တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
