ရန်ကုန်မြို့ အောင်ဆန်းကွင်းရှိ ပစ္စည်းပို့/ထုတ် ဂိတ်များအား ပိတ်ခိုင်းထားပြီး နှစ်ရက်အတွင်း ပြောင်းရွှေ့ရန် အသိပေးထားကြောင်း ပစ္စည်းပို့/ထုတ်ဂိတ်များမှ စုံစမ်းသိရှိရသည်။
သြဂုတ် ၃ ရက်တွင် ဂိတ်ပိုင်ရှင်များနှင့်အစည်းအဝေးပြုလုပ်ပြီးနောက် ယင်းသို့ အသိပေးခဲ့ခြင်းဖြစ်ကြောင်း ပစ္စည်းပို့/ထုတ်ဂိတ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
“မနေ့က အစည်းအဝေးလုပ်တယ်။ပြီးတော့ ပိတ်ရမယ်ဆိုပြီး အသိပေးတယ်။ အရင်ကတော့ ပိတ်ခိုင်းဖူးတယ်။ အဲဒီတုန်းက တပတ်လောက်ကြာတယ်။ အခုကတော့ အပြီးပိတ်ရတော့မယ်လို့ သိရတယ်” ဟု အောင််ဆန်းကွင်းတွင် ဖွင့်လှစ်ထားသည့် ပစ္စည်းပို့/ထုတ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ဇွန် ၁၅ ရက်က အောင်ဆန်းကွင်းရှိ ပစ္စည်းပို့/ထုတ်ဂိတ်များအား တစ်ပတ်ခန့်ပိတ်ခိုင်းထားခဲ့ကြောင်း၊ တစ်ပတ်ခန့်ပိတ်သဖြင့် အခက်အခဲများစွာတွေ့ကြုံခဲ့ရကြောင်း သိရသည်။
“ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း ပိတ်တယ်။ အဲဒီတုန်းကဆို ပစ္စည်းပို့ဖို့က အတော်အခက်အခဲကြုံရတယ်။ ပစ္စည်းတစ်ခါပို့ဖို့က အောင်ဆန်းကွင်းဂိတ်က အဆင်ပြေဆုံးပဲလေ။ အခုလည်း ထပ်ပိတ်မယ်ဆိုတော့ ပစ္စည်းပို့ဖို့က အဝေးပြေးဂိတ်ထိ သွားရတော့မယ်”ဟု အောင်ဆန်းကွင်းဂိတ်သို့ ပစ္စည်းလာပို့သူတစ်ဦးက ပြောကြားသည်။
အောင်ဆန်းကွင်းရှိ ပစ္စည်းပို့/ထုတ်ဂိတ် ပိတ်ထားသော်လည်း အဝေးပြေးဝင်းရှိ ဂိတ်များနှင့် အခြားမြို့အတွင်းရှိ ပစ္စည်းပို့/ထုတ်ဂိတ်များတွင် ပစ္စည်းများ ပို့/ထုတ်နိုင်ကြောင်း သိရသည်။
“အခြား အဝေးပြေးကဂိတ်တွေ မြို့ထဲက ဖွင့်ထားတဲ့ ဂိတ်တွေမှာတော့ ပစ္စည်းပို့/ထုတ်လို့ရတယ်။ အောင်ဆန်းကွင်းတစ်ခုတည်းပဲ ပိတ်လိုက်တာ။ ဂိတ်အကြီးတွေကတော့ အခြားမြို့နယ်တွေမှာ ဂိတ်ခွဲဖွင့်ထားတော့ အဆင်ပြေတယ် အရမ်းပြသနာမရှိဘူးလေ။ အောင်ဆန်းကွင်းမှာပဲ ဂိတ်ဖွင့်ထားတဲ့ဂိတ်တွေက ဒုက္ခရောက်တာပေါ့။ အခြားနေရာမှာ ဂိတ်ဖွင့်ဖို့ ရှာရတော့မယ်” ဟု အောင််ဆန်းကွင်းတွင် ဖွင့်ထားသည့် ပစ္စည်းပို့/ထုတ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အောင်ဆန်းကွင်းတွင် ဖွင့်ထားသည့် ပစ္စည်းပို့/ထုတ်ဂိတ်များမှာ ဖွင့်လှစ်ထားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပြီး ယခုကဲ့သို့ ပိတ်ခိုင်းသည့်အတွက် အခက်အခဲများစွာဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
