Top News

မန္တလေးမြို့၊ ကမ်းနားလမ်းတွင် စစ်ဆေးမှုများပြုလုပ်နေသာ ယာဉ်ကြီးကြပ်ရေးကော်မတီအဖွဲ့အား ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲမှုကြောင့် နှစ်ဦး ဒဏ်ရာရရှိ
24htopnews | October 14, 2024 3:12 AM CST

မန္တလေးမြို့၊ ကမ်းနားလမ်းတွင် စစ်ဆေးမှုများပြုလုပ်နေသာ ယာဉ်ကြီးကြပ်ရေးကော်မတီအဖွဲ့အား ချိန်ကိုက်မိုင်းဖြင့်ဖောက်ခွဲမှုကြောင့် နှစ်ဦးဒဏ်ရာရရှိမှု ဩဂုတ် ၄ ရက် နံနက်ဆယ်နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အမရပူရမြို့နယ်၊ယဉ်တော်ကျေးရွာ၊စစ်ကိုင်း-မန္တ‌လေးကမ်းနားလမ်း လမ်းလယ်ကျွန်းတွင် ယာဉ်လုပ်ငန်းများကြီကြပ်ရေးကော်မတီ တာဝန်ရှိသူများမှ ပုဂ္ဂလိက ကုန်တင်ကားများ၊ လူစီးယာဉ်များအား ဆောင်စစ်ဆေး‌နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

ယာဉ်စစ်ဆေးမှုများပြုလုပ်‌နေသည့် အနီးပေ၂၀ ခန့်အကွာတွင် မြေမြုပ် ရီမုမိုင်းတစ်လုံးပေါက်ကွဲမူဖြစ်ပွားခဲ့ရာ ဝန်ထမ်းဖြစ်သူ မောင်ကိုကိုအောင်တွင်ခါးမိုင်းစထိမှန်ဒဏ်ရာနှင့် ဦးညွန့်ဝင်း၏ ညာဘက်မျက်နှာပါးပြင် မိုင်းစထိမှန်ဒဏ်ရာ၊ ညာဘက်လက်ဖျံမိုင်းစထိမှန်ဒဏ်ရာတို့ ရရိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်ပြီး လတ်တလောစစ်ဆေးချက်များအရ  အမျိုးသားနှစ်ဦး‌မောင်းနှင်လာသည့် ဆိုင်ကယ်ဖြတ်သန်းသွားပြီးနောက်  မြေမြှုပ်မိုင်းအားရီမုဖြင့်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။


READ NEXT
Cancel OK