Top News

ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲတစ်ခုတွင် မှတ်တမ်းရိုက်ကူးနေစဉ် ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသားကို လဝက ဥပဒေ၊ ၅၀၅ (က) တို့ဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန်
24htopnews | October 14, 2024 3:12 AM CST

ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲတစ်ခုတွင် မှတ်တမ်းရိုက်ကူးနေစဉ် ဖမ်းဆီးခံရသည့် ဂျပန်နိုင်ငံသားကို လဝက ဥပဒေ၊ ၅၀၅ (က) တို့ဖြင့် အမှုဖွင့်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ခံရသူမှာ ဂျပန်နိုင်ငံသား Totu Kubota ဆိုသူဖြစ်ပြီး ၄င်းသည် ဇူလိုင် ၁ ရက်က တိုးရစ်ဗီဇာဖြင့် ထိုင်းနိုင်ငံမှ တစ်ဆင့်မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၄င်းသည် ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် ဒဂုံမြို့သစ်တောင်ပိုင်း City Mark အနီး လူ ၁၀ ဦးမှ ၁၅ ဦးအထိပါဝင်သည့် ဆန္ဒပြမှုအား ဖုန်း/ကင်မရာများဖြင့် မှတ်တမ်းတင်နေစဉ် ထိန်းသိမ်းခံခဲ့ရကြောင်း၊ ဇူလိုင် ၂၉ ရက်တွင် ဆန္ဒပြမှုတွင် ပါဝင်သူများဖြင့် ဆက်သွယ်ပြီး ဆန္ဒပြမည့်နေရာအား ချိန်းဆိုခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံသား Totu Kubota အား လဝက ဥပဒေ ၁၃ (၁)၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါဂျပန်နိုင်ငံသားနှင့်အတူ ဆန္ဒပြသူအချို့လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၄င်းတို့နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။


READ NEXT
Cancel OK