ပြီးခဲ့သည့် ဇွန်လ နှင့် ဇူလိုင်လအတွင်းက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်းပြည်ပဘုရားဖူး (၁၄၅၀၀) ကျော် လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
ဇွန်လအတွင်းက ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်းဘုရားဖူး (၆၉၀၈) ဦးနှင့် ပြည်ပဘုရားဖူး (၃၄) ဦး လာရောက်ခဲ့ကြောင်း နှင့် ဇူလိုင်လအတွင်းက ပြည်တွင်းဘုရားဖူး (၇၄၈၀) ဦးနှင့် ပြည်ပဘုရားဖူး (၉၇) ဦး လာရောက်ခဲ့ကြကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး “ပြည်ပဘုရားဖူးတွေထဲမှာက ထိုင်းနိုင်ငံကအများဆုံးလာရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ပြည်ပဘုရားဖူး (၉၇) ဦးအနက်မှာ ထိုင်းနိုင်ငံက ဘုရားဖူး ထက်ဝက်ကျော်ပါဝင်ပါတယ်” ဟု ပြောကြားသည်။
ကျိုက်ထီးရိုးတောင်ပေါ်တွင်လည်း ဘုရားဖူးများ နားနေတည်းခိုနိုင်ရန် နှင့် စားသောက်နိုင်ရန် တည်းခိုခန်းများ ထမင်းဆိုင်များကိုလည်း ဖွင့်လှစ်ပေးထားကြောင်း၊ တောင်တက်မော်တော်ယာဉ်များကိုလည်း အလှည့်ကျစနစ်နဲ့ စီစဉ်ပေးထားပါကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား နှစ်စဉ် သီတင်းကျွတ်လပြည့်နေမှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိကြောင်း နှင့် ပုံမှန်ကာလက နှစ်စဉ် ဘုရားဖူး (၃) သန်းခန့်လာရောက်လေ့ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
