Top News

ထိုင်းနိုင်ငံ ကန်ချနာဘူရီနှင့် ပရာကျွတ်ခီရီခံခရိုင်အတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရ
24htopnews | October 14, 2024 3:12 AM CST

ထိုင်းနိုင်ငံ ကန်ချနာဘူရီနှင့် ပရာကျွတ်ခီ ရီခံခရိုင်အတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရကြောင်း သိရသည်။

သြဂုတ် ၂ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံအ တွင်း အလုပ်တစ်ခုရရှိရန် နယ်စပ်တောလမ်း များမှတစ်ဆင့် ပရာကျွတ်ခီရီခံခရိုင်အတွင်း ဝင်ရောက်လာသည့် မြန်မာလုပ်သား ၅၂  ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတာဝန်ရှိသူတစ် ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Migrant Time သတင်း၌ ဖော်ပြထားကြောင်း သိရသည်။       

ပရာကျွတ်ခီရီခံခရိုင် လုံခြုံရေးပူးပေါင်း တပ်ဖွဲ့များက တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ကျေးရွာနှစ်ရွာထဲတွင် ဖမ်းမိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဟွေ့ယိုင်ရွာအတွင်း အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၇ ဦး ကို ဦးဆောင်ခေါ်လာခဲ့သည့် မြန်မာပွဲစားတစ် ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နောင်ခမ်ရွာ ထဲတွင်လည်း မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်း လမ်းပြပွဲစားတစ်ဦးနှင့်အတူ ထပ်မံဖမ်းဆီးရ မိခဲ့ကြောင်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပြောကြားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ မှာ ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ကရင်နှင့် တနင်္သာ ရီတိုင်းဒေသကြီးတို့မှဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်တစ်ခုရရှိရန် ဝင်ရောက်လာ ခြင်းဖြစ်ကြောင်း၊ ပွဲစားခအဖြစ် လူတစ်ဦးလျှင် ထိုင်းဘတ်ငွေတစ်သောင်းမှ နှစ်သောင်းခွဲအ အထိ ခရီးအကွာအဝေးအပေါ်မူတည်ပြီး ပေး ဆောင်ရကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ကန်ချနာဘူရီခရိုင်တွင်လည်း ကားတစ် စီးပေါ်တွင် ပြည့်ကျပ်စွာလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၂၇ ဦးကို သြဂုတ် ၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။

ကားတစ်စီး၏ အလယ်ခန်းတွင် ၁၀ ဦး၊ နောက်ခန်း၌ ၁၇ ဦး ပြည့်ကျပ်စွာတင်ဆောင် လာခြင်းဖြစ်ပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိ ရသည်။ ကားပေါ်တွင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁၃ ဦးလိုက်ပါလာကြခြင်းဖြစ်ပြီး အများစုမှာ အသက် ၂၀ နှင့် ၄၀ အရွယ်များ ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့မှဖြစ်ကြောင်း သိရသည်။

နယ်စပ်တောလမ်းများမှတစ်ဆင့်တရား မဝင် ဝင်ရောက်လာကာ ထိုင်းနိုင်ငံအတွင်းအလုပ်တစ်ခုရရန်ရည်ရွယ်ခဲ့ကြောင်း၊ ပွဲစား ခအဖြစ် လူတစ်ဦးလျှင် ထိုင်းဘတ်ငွေနှစ် သောင်းမှ သုံးသောင်းအထိ ပေးခဲ့ရကြောင်း သိရသည်။ ထိုင်းယာဉ်မောင်းလမ်းပြအနေ ဖြင့် လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀ ရရှိကြောင်း၊ ဖမ်းဆီးရမိသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ခေါင်ဝမ်ရဲစခန်းသို့ ပို့ဆောင် ကာ တရားဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

ဇော်မိုးဦး (မြိတ်)                                                                                          


READ NEXT
Cancel OK