နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးချုပ်နှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၏ ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂ ရက်က နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။
ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် SSPP/SSA အဖွဲ့ နေပြည်တော်သို့ ရောက်ရှိနေပြီဆိုသော သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် " ဟုတ်ပါတယ်၊ ရောက်ပါပြီ။ မနက်ဖြန် ဆွေးနွေးပါမယ်" ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။
ငြိမ်းချမ်းဆွေးနွေးရန်အတွက် နေပြည်တော်သို့ ရောက်ရှိနေသော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ(၁)ဗိုလ်ချုပ်ကြီး ခေးတိုင်းနှင့် ဒုတိယဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် ခွန်ဆိုင်တို့ ဦးဆောင်လာခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၀ ဦးခန့်ပါဝင်ကြောင်း သိရသည်။
တိုက်ပွဲများကြောင့် ပြည်သူများ ခက်ခဲမည့်ဖြစ်စဉ်ကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေးဖြင့် ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဖုန်းဟန်က သျှမ်းသံတော်ဆင့်သတင်းဌာနက ပြောကြားထားသည်။
SSPP/SSA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ကြီး ခေးတိုင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၄ ရက်တွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌနှင့် တွေ့ဆုံတွေးနွေးမှုအပြီးတွင် SSPP/SSA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ကြီး ခေးတိုင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
