ချင်းပြည်နယ် ပလက်ဝမြို့နယ် ရီးမဝကျေးရွာအနီး ကုလားတန်မြစ်အတွင်း သြဂုတ် ၂ ရက်က စက်လှေတစ်စင်း ပစ်ခတ်ခံရကာ အသက် ၁၁ နှစ်အရွယ် ကလေးနှစ်ဦးသေဆုံးပြီး စက်လှေမောင်းသူနှင့် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဩဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီတွင် ပလက်ဝ မြို့နယ် တုံးမဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အထွေထွေဝန်ထမ်း ဦးဗဒူ (၅၀)နှစ်သည် အဆိုပါကျောင်း၌ ပညာသင်ကြားနေသည့် ရီးမဝကျေးရွာမှ ကျောင်းသူ၊ ကျောင်းသား ခုနစ်ဦးအား ၎င်းမောင်းနှင်သည့် စက်လှေဖြင့်တင်ဆောင်၍ ရီးမဝကျေးရွာသို့ လိုက်ပါပို့ဆောင်ရန်အတွက် ကုလားတန်မြစ်ကြောင်းအတိုင်း ပြန်လည်မောင်းနှင်လာစဉ် ရီးမဝကျေးရွာသို့မရောက်မီ နှစ်ဖာလုံခန့်အကွာအရောက်၌ ကုလားတန်မြစ်၏ ညာဘက်မြစ်ကမ်းပေါ်မှ အကြမ်းဖက် မသမာသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြမှုအရသိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် စက်လှေမောင်းနှင်လာသည့် ဦးဗဒူတွင် ဝဲလက်ကောက်ဝတ်နှင့် လည်ပင်းကျည်ရှပ် ထိဒဏ်ရာတစ်ချက်၊ မခင်သီတာ(၁၄)နှစ် ငါးတန်း ၏ ဝဲ/ယာ ခြေထောက် နှစ်ချောင်း၌ကျည်ထိမှန်ဒဏ်ရာများ၊ မောင်အောင်လင်းဝင်း (၁၁)နှစ် ငါးတန်းတွင် ကျောကျည်ရှပ်ထိ ဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ပြီး မောင်နေမင်းထွန်း (၁၁)နှစ် ငါးတန်းနှင့် မောင်သန်းမြင့်(၁၁)နှစ် ၅ တန်း (ဘ)ဦးထွန်းလှအောင်တို့နှစ်ဦးတွင် နောက်ကျောကျည်ထိမှန် ဒဏ်ရာအသီးသီးရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
