မြဝတီနယ်စပ်မြို့တွင် ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုဝင်များ ဆုံစည်းနေနိုင်ရန်နှင့် အိမ်ငှားနေရသည့် ပြည်သူများ အိုးပိုင်အိမ်ပိုင်ဖြစ်ရန် ရည်ရွယ်ပြီး နှစ် ၂၀ အရစ်ကျ ငွေပေးချေသည့် စနစ်ဖြင့် ရောင်းချမည့် အိမ်ရာနှင့် အဝေးပြေးကားဝင်း စီမံကိန်းတစ်ခုကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဇန်နဝါရီ ၂၂ ရက် နံနက်က မြေသန့်မင်္ဂလာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနှစ် ၂၀ အရစ်ကျ ပေးအိမ်ရာနှင့် နိုင်ငံတကာ အဆင့်မီ အဝေးပြေးကားဝင်း စီမံကိန်းသည် မြဝတီချစ်ကြည်ရေးတံတားမှ လေးမိုင်ခန့်အကွာ အေးသုခကျေးရွာအနီး မြေဧက ၄၈ ဧကတွင် Stepping Stone Company Ltd က တည်ဆောက်သွားမည်ဖြစ်ပြီး အဝေးပြေးကားဝင်းအဖြစ် ရှစ်ဧကနှင့် ကျန်ဧက ၄၀ တွင် ခြောက်ထပ်အိမ် အလုံး ၁၀၀ မှ၂၀၀ အထိ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသခံပြည်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ အခြေခံပြည်သူများအတွက် ရည်ရွယ်တည်ဆောက်မည့် အိမ်ရာဖြစ်ပြီး အပေါ်ဆုံး အထပ်အား လစဉ် ဘတ်၂၅၀၀ နှင့် အောက်ဆုံးထပ်အခန်း ဘတ် ၆၅၀၀ ပေးသွင်းရမည်ဖြစ်ပြီး မည်သူမဆို အနှစ်၂၀ အရစ်ကျ ငွေပေးချေစနစ်ဖြင့် ပေးသွင်းဝယ်ယူနိုင်ကြောင်း သိရသည်။ ယခုတည်ဆောက်မည့် ကားဝင်းနှင့် အိမ်ရာစီမံကိန်းသည် ၂၀၁၉ ခုနှစ်အစ ဇန်နဝါရီလတွင် စတင်တည်ဆောက်နေပြီဖြစ်ကာ စီမံကိန်းကာလမှာ အဝေးပြေးယာဉ်ရပ်နားစခန်းအား နှစ်နှစ်နှင့်အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး အိမ်ရာစီမံကိန်းကို ငါးနှစ်အတွင်း အပြီးတည်ဆောက်မည်ဟု ဆိုသည်။
မြဝတီမြို့၏ အရေးတကြီး လိုအပ်နေသော အဝေးပြေးကားဝင်းအတွက် ကျပ်သိန်းပေါင်း ၆၀၀၀၀ ကျော် အကုန်ကျခံ တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ယာဉ်လိုင်းပေါင်း ၆၀ ကျော်အတွက် အလျား ၄၀ ပေ၊ အနံ ၂၅ ပေရှိ ကားဂိတ်နှစ်ထပ် အဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
