ဘရာဇီးလ်သမ္မတ လူလာဒါဆေးလ်ဗားက ပြည်ပတွင်ကစားနေသည့် ကြယ်ပွင့်ကစားသမားများကို ဝေဖန်ခဲ့ပြီး ပြည်တွင်းအခြေစိုက်ကစားသမားများအား အခွင့်အရေးပေးသင့်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်းတွင် ဗင်နီစီယပ်စ်၊ ရိုဒရီဂို၊ အန်ဒရစ်၊ ရာဖင်ညာ၊ ဆယ်ဗင်ညို၊ မာတင်နယ်လီ၊ ဂီမာရေ့စ်၊ မာကွင်ဟို့စ်၊ ဒန်နီလို၊ မီလီတို၊ ဂါဘရီယဲလ်၊ အယ်လစ်ဆန်၊ အီဒါဆန် စသည့် ပြည်ပအခြေစိုက် ကြယ်ပွင့်ကစားသမားများစွာရှိနေသော်လည်း ကမ္ဘာ့ဖလား၊ ကိုပါအမေရိကကဲ့သို့ မေဂျာပြိုင်ပွဲများ၌ အောင်မြင်မှုဝေးကွာနေသလို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်လည်း ရုန်းကန်နေရသည်။
ချီလီအသင်းအား အဝေးကွင်း၌ အနိုင်ရသည့် ခြေစစ်ပွဲတွင် ဘရာဇီးအသင်းအတွက် နှစ်ဂိုးစလုံးကို ပြည်တွင်းကလပ် ဘိုတာဖိုဂိုအသင်းမှ ကစားသမားနှစ်ဦးက သွင်းယူပေးခဲ့ပြီးနောက် ရေဒီယိုအင်တာဗျူးတွင် သမ္မတ လူလာက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
"နိုင်ငံခြားမှာကစားနေသူတွေက ဒီမှာ ရှိနေသူတွေထက် ပိုကောင်းတာ မဟုတ်ပါဘူး။ လက်ရှိကစားနေတဲ့ ပြည်ပအခြေစိုက် ကစားသမားတွေထဲမှာ ဂါရင်ချာ၊ ရိုမာရီယိုတို့လို ကစားသမားမျိုးမရှိပါဘူး။ ကြယ်ပွင့်မဖြစ်သေးတဲ့ လူငယ်ကစားသမားတွေ အများ ကြီးပါပဲ။ ဘရာဇီးလ်မှာ သူတို့လိုပဲ တူညီတဲ့ အရည်အသွေးရှိတဲ့ ကစားသမားတွေရှိပါတယ်။ အဲဒါကြောင့် သူတို့ကို အခွင့်အရေးပေးလိုက်ပါ" ဟု သမ္မတ လူလာက ဆိုသည်။
ဘရာဇီးလ်အသင်းနည်းပြ ဒေါ်ရီဗယ်ဂျူနီယာသည် အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်အတွက် ကစားသမား ၂၃ ဦး ရွေးချယ်ရာတွင် ပြည်ပအခြေစိုက် ကြယ်ပွင့်ကစားသမား ၁၆ ဦးနှင့် ပြည်တွင်းအခြေစိုက် ကစားသမား ခုနစ်ဦး ရွေးချယ်ထားသည်။ ဘရာဇီးလ်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲတွင် ရုန်းကန်နေရပြီး ကိုးပွဲကစားပြီးနောက် လေးပွဲသာ အနိုင်ရကာ တစ်ပွဲသရေ၊ လေးပွဲရှုံး၊ ၁၃ မှတ် ဖြင့် အဆင့် ၄ နေရာ ရပ်တည်နေသည်။
ဘရာဇီးလ်အသင်းသည် အောက်တိုဘာ ၁၅ ရက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၆ ရက် နံနက် ၇ နာရီ ၁၅ မိနစ်) တွင် ပီရူးအသင်းနှင့် အိမ်ကွင်းပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တောင်အမေရိကဇုန်ခြေစစ်ပွဲတွင် ၁၀ သင်းရှိသည့်အနက် ဇယားထိပ်ဆုံးခြောက်သင်း တိုက်ရိုက်အောင်မြင်မည်ဖြစ်ပြီး အဆင့် ၇ အသင်းမှာ Play-offs ထပ်မံကစားရမည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
