ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ချီလီနီက တနင်္ဂနွေနေ့ကစားမည့် စီးရီးအေပွဲစဉ်တွင် နာပိုလီအသင်းကို အနိုင်ရရှိခဲ့ပါက ချန်ပီယံဆုရရှိရန်သေချာသွားမည်ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပွဲစဉ် (၂၅) အပြီးတွင် လုံးဝရှုံးပွဲမရှိသေးဘဲ ရမှတ် (၆၉)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေပြီး ဒုတိယနေရာမှ နာပိုလီအသင်း (၅၆ မှတ်)ကို (၁၃) မှတ်အထိ ဖြတ်ထားသည်။
ဂျူဗင်တပ်စ်အသင်းအနေဖြင့် လာမည့် တနင်္ဂနွေနေ့ ကစားမည့်ပွဲစဉ်တွင် နာပိုလီအသင်းကို အနိုင်ရရှိခဲ့မည်ဆိုပါက ၎င်းတို့နှစ်သင်းကြား အမှတ်ကွာဟမှုမှာ (၁၆) မှတ်အထိ ရှိလာမည်ဖြစ်သည်။
ချီလီနီက နာပိုလီအသင်းနှင့် အဝေးကွင်းတွင် ကစားရမည့်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်သော်လည်း အနိုင်ရရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဆိုခဲ့သည်။
ချီလီနီက "နာပိုလီနဲ့ပွဲစဉ်က ပွဲကောင်းတစ်ပွဲဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နာပိုလီအသင်းက ကျွန်တော်တို့ကို ဒုက္ခပေးခဲ့ပါတယ်။ နာပိုလီအသင်းရဲ့ အိမ်ကွင်း ဆမ်ပါအိုလီမှာ ကျွန်တော်တို့ (၂) ကြိမ်ပဲ အနိုင်ရခဲ့ဖူးပါတယ်။ ပြီးတော့ သူတိုရဲ့ နည်းပြ အန်ဆယ်လော့တီက အသင်းကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ ဒါကြောင့် နာပိုလီနဲ့ ကစားမယ့်ပွဲက ကျွန်တော်တို့အတွက် ခက်ခဲမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကြိုးစားပြီး ရလဒ်ကောင်းတွေ ရယူသွားမှာပါ။ ဒီပွဲမှာသာ နိုင်ခဲ့ရင် စီးရီးအေချန်ပီယံဆုကို ကျွန်တော်တို့ ရဖို့ သေချာသလောက်ဖြစ်မှာပါ"ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေချန်ပီယံဆုကို (၇) နှစ်ဆက်ရယူထားပြီး ယခုရာသီတွင် ဒုတိယနေရာမှ နာပိုလီအသင်းကို (၁၃)မှတ်အထိ ဖြတ်ထားရာ ချန်ပီယံဆုကို (၈) နှစ်ရရှိရန် အခြေအနေကောင်းနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
