စပါးအသင်းနည်းပြ ပိုချက်တီနိုက အသင်း၏လက်ရှိသွားနေသည့် စီးပွားရေးပုံစံဖြင့် ဆုဖလားများကိုစိန်ခေါ်နိုင်ရန် မမျှော်လင့်နိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ယခုအနေအထားနှင့် ဆုဖလားများကိုမျှော်လင့်နေလျှင် အသင်းအနေဖြင့် မှော်ဆရာတစ်ဦးသာ ရှာဖွေသင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။
စပါးအသင်းသည် ဘန်လေ၊ ချယ်လ်ဆီးအသင်းမျာကို ဆက်တိုက်အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆု မျှော်လင့်ချက် ကုန်ဆုံးသလောက်ဖြစ်လာပြီး ပြီးခဲ့သည့်လတွင်လည်း လိဂ်ဖလား၊ FAဖလားများမှ ဆက်တိုက်ထွက်ခဲ့ရသည်။
ယခုရာသီတွင် စပါးအသင်း၏ အဖြစ်နိုင်ဆုံးဖလားမျှော်လင့်ချက်မှာ ကွာတားဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းနေသည့် ချန်ပီယံလိဂ်ပြိုင်ပွဲသာ ကျန်ရှိတော့သည်။
'' ဒန်နီယဲလ်လီဗိုင်း(စပါးအသင်း ဥက္ကဋ္ဌ)က လာမယ့်ရာသီမှာ ဆုဖလားတစ်ခုခု ရဖို့၊ ချန်ပီယံလိဂ် ဒါမှမဟုတ် ပရီးမီးယားလိဂ်ဖလား ရဖို့ပြောလာခဲ့ရင် ကျွန်တော်ကတော့ မှော်ဆရာတစ်ဦးသာရှာဖို့ ပြန်ပြောဖြစ်လိမ့်မယ်။ လက်ရှိသွားနေတဲ့ပုံစံကို မပြောင်းလဲဘဲနဲ့ အောင်မြင်မှုလိုချင်ရင် ဒီမှော်ဆရာကပဲ စွမ်းဆောင်ပေးနိုင်မယ်ထင်တယ်။ လူတွေပြောတာ ကြားပါတယ်။ ပိုချက်တီနို ဒီရောက်တာ (၅)နှစ်ရှိနေပြီ၊ ဘာဆုဖလားမှလည်း မရဘူးဆိုပြီး ဝေဖန်ကြတယ်။ တကယ်တော့ ကျွန်တော်တို့ ဆုဖလားတစ်လုံးရတာထက် ပိုတဲ့အရာတွေကို လုပ်ဆောင်ခဲ့ပြီးပါပြီ'' ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။
စပါးအသင်းသည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလ(၂)ခုတွင် ကစားသမားခေါ်ယူခြင်းမရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
