Top News

ရာမို့စ်၏ ထပ်တိုးပြစ်ဒဏ်အတွက် ရီးယဲလ်အသင်း အယူခံဝင်မည်
24htopnews | October 14, 2024 9:12 AM CST

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း ခေါင်းဆောင် ရာမို့စ် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ထပ်တိုးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရခြင်းအတွက်  အယူခံဝင်မည်ဖြစ်ကြောင်း သိရသည်။

ရာမို့စ်သည် အေဂျက်စ်အသင်းနှင့် ကစားသည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲ၌ ပွဲပြီးခါနီး ၈၉ မိနစ်တွင် အဝါကတ်ပြသခံခဲ့ရသည်။

ယင်းအဝါကတ် မှာ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ တတိယ အကြိမ် ပြသခံရခြင်းဖြစ်ရာ ရာမို့စ်အနေဖြင့် ဒုတိယအကျော့ပွဲအား လွဲချော်မည်ဖြစ်သည်။

သို့သော် ၎င်းအနေဖြင့် အဝါကတ်ပြသခံရ စေရန် ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့ ကြောင်း ဝေဖန်မှု ထွက်ပေါ်လာပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က စွဲ ချက်တင်စစ်ဆေးခဲ့ပြီး နှစ်ပွဲပယ်ပြစ်ဒဏ်ကျ ခံစေရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

သို့ဖြစ်ရာ ရီးယဲလ်အသင်းက ယင်းပြစ် ဒဏ်အတွက် အယူခံဝင်ရန် စီစဉ်နေခြင်းဖြစ်ပြီး မအောင်မြင်ပါက ကွာတားဖိုင်နယ် ပထမ အကျော့ပွဲကိုပါ လွဲချော်မည်ဖြစ်သည်။


READ NEXT
Cancel OK