မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ပဏာမကစားသမား ၂၈ ဦး ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ယခုဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၂၂ အသင်းတွင် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းမှ ကစားသမား ၂၁ ဦးပြန်ပါလာပြီး ခုနစ်ဦး အသစ်ရွေးချယ်ထားသည်။
အာဆီယံ ယူ-၂၂ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းမှ အောင်ဝဏ္ဏစိုးနှင့် ဒဏ်ရာရနေသည့် နန်းထိုက်ဇော်တို့နှစ်ဦးကိုချန်လှပ်၍ ထွန်းနန္ဒဦး (ဂိုး)၊ ထူးခန့်လွင်၊ သူရိန်စိုး၊ ကောင်းထက်စိုး၊ စအောင်ပြည့်ကို၊ အောင်ကောင်းမာန်နှင့် ရဲရင့်အောင် (၂) တို့ကို အားဖြည့်ခဲ့ခြင်းဖြစ် သည်။
မြန်မာ ယူ-၂၂ အသင်းသည် ယင်းခြေစစ်ပွဲအတွက် မတ် ၄ ရက်တွင် လေ့ကျင့်မှု စတင်ပြုလုပ်မည်ဖြစ်ပြီး ခြေစစ်ပွဲမတိုင်မီ ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲ အနည်းဆုံးနှစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် မတ် ၉ ရက်တွင် စင်ကာ ပူလိဂ်$ လာရောက်ကစားနေသည့် ဂျပန်ကလပ် နီဂါတာအသင်း နှင့် ရန်ကုန်မြို့$ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲ ပြီးပါက ပြည်တွင်းခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။
မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှ ယူ-၂၃ ခြေစစ်ပွဲကို မတ် ၂၂ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည် ဖြစ်ပြီး ဂျပန်၊ တီမော၊ မကာအိုအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
ခြေစစ်ပွဲတွင် ထိပ်ဆုံးငါးသင်းနှင့် အကောင်း ဆုံး အုပ်စုဒုတိယငါးသင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
