ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်)ညတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဆီမီး(၁)သောင်းဖြင့် ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ သီတင်းကျွတ်မီးထွန်းပွဲတော်ကိုလည်း အစိုးရအဖွဲ့မှကြီးမှူး၍ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း၌ ပထမအကြိမ် အရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ဥဒကဒေသစာရီ လှည့်လည်အပူဇော်ခံယူတော်မူရန် စံကျောင်းတော်သို့ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်သည်။
ထို့အတူ မြန်မာ့ရိုးရာယဉ်ကျေးမှုသီတင်းကျွတ် မီးမျှော်ပူဇော်ပွဲ မင်္ဂလာမုဒ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင်ဖွင့်လှစ်သွားမည်ဖြစ်ကာ ပျော်ပွဲရွှင်ပွဲများအဖြစ် အောက်တိုဘာ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်တို့၌ နိုင်ငံကျော်မျက်လှည့်ပညာရှင် စက္ကောမနှင့် ရဲဇော်ထွန်းအဆင့်မြင့်ဆက်ကပ်အဖွဲ့တို့မှ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် စွမ်းဇာနည်နှင့်အဖွဲ့၊ အောက်တိုဘာ ၁၈ ရက်တွင် မာမီသက်(ခ)ဖဝေးမောင်နှင့် ငလက်မတို့ပါဝင်သည့်အဖွဲ့များက ဖျော်ဖြေရေးယာဥ်ဖြင့် ပဲခူးမြို့တွင်း၌လှည့်လည်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပွဲတော်ကာလအတွင်း၌ ပဲခူးမြို့ရှိ လမ်းမကြီးများပေါ်တွင် ရောင်စုံအလှမီးဆိုင်းနှင့် ဓါတ်ပုံရိုက်ရန် မီးထွန်းအရုပ်များထားရှိပေးသွားမည်ဖြစ်ကာ စျေးရောင်းပွဲတော်များကိုလည်းထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
