သြစတြေးလျနိုင်ငံသည် ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုတို့နှင့် ကာကွယ်ရေးမဟာမိတ်သစ်အဖွဲ့ထဲက မိမိရေတပ်ကို အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တပ်ဆင်ရေးအတွက် အကြီးအကျယ် အငြင်းပွားခဲ့ရသော အစီအစဉ်အား နိုဝင်ဘာ ၂၂ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။
လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ပီတာဒတ်တန်နှင့်အတူ အမေရိကန်နှင့် ဗြိတိန်သံတမန်တို့ တက်ရောက်ခဲ့ကြသည်။ ယခုကဲ့သို သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းကြောင့် ၎င်းနိုင်ငံများ အချင်းချင်း ထိရှလွယ်သော ရေတပ်အဏုမြူ ပြန့်ပွားရေး သတင်းအချက်အလက်များကို ဖလှယ်ခွင့်ရရှိကြမည်ဖြစ်သည်။
တရုတ်-အမေရိကန်ပြိုင်ဆိုင်မှု ကြီးထွားလာသော ပစိဖိတ်ဒေသတွင် မဟာဗျူဟာမြောက် တင်းမာမှုများကို ထိပ်တိုက်ရင်ဆိုင်ရေးအတွက် စက်တင်ဘာလတွင် အဆိုပါ သုံးနိုင်ငံက AUKUS ဆိုသည့် ကာကွယ်ရေး မဟာမိတ်အဖွဲ့သစ်ဖွဲ့ခဲ့ပြီးနောက် အဏုမြူနည်းပညာဆိုင်ရာ ပထမဆုံးသဘောတူညီချက်ကို လူသိရှင်ကြား လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
သြစတြေးလျအနေဖြင့် ရေငုပ်သင်္ဘော ဝယ်ယူရေးအတွက် ၁၈ လကြာ လေ့လာမှုပြီးစီးစေရန် သဘောတူစာချုပ်က အထောက်အကူပြုမည်ဟု ကင်ဘာရာမြို့တွင် အမေရိကန်ကောင်စစ်ဝန် မိုက်ကယ်ဂိုးလ်မန်း၊ ဗြိတိန်သံအမတ် ဝီတိုရီယထရီရာဒယ်တို့နှင့် လက်မှတ်ရေးထိုးခဲ့ပြီးနောက် သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ဒတ်တန်က ဆိုသည်။
သြစတြေးလျအနေဖြင့် အမေရိကန် သို့မဟုတ် ဗြိတိန်အဏုမြူ စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများကို အခြေခံသော ရေငုပ်သင်္ဘောဝယ်ယူရေးအတွက် ရွေးချယ်ခွင့်ရှိရေး အပါအဝင် ဝယ်ယူရေးအသေးစိတ်များကို ဆုံးဖြတ်ခြင်းမပြုရသေးပေ။
“အခု သဘောတူစာချုပ်ကြောင့် သတင်းအချက်အလက်တွေ ရရှိလာတာနဲ့အတူ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နဲ့ အမေရိကန်တို့ ပိုင်ဆိုင်ထားတဲ့ ဆယ်စုနှစ်ချီ ရေကြောင်းဆိုင်ရာ အဏုမြူစွမ်းအင် အတွေ့အကြုံတို့နဲ့ပါ ပေါင်းလိုက်ရင်း သြစတြေးလျဟာ ဒီနည်းပညာကို တာဝန်သိသိ၊ စိတ်ချလက်ချ ထိန်းသိမ်းစောင့်ရှောက်တဲ့ နိုင်ငံဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ဒတ်တန်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယခုသဘောတူစာချုပ်သည် နိုင်ငံသုံးနိုင်ငံ၏ အပြန်အလှန် ကာကွယ်ရေး အနေအထားကို တိုးတက်စေလိမ့်မည်ဟု သဘောတူလက်မှတ် ရေးထိုးခြင်းမပြုမီ နိုဝင်ဘာ ၁၉ ရက်တွင် ယင်းသဘောတူစာချုပ်ကို အတည်ပြုသောမူကြမ်း သဘောတူညီချက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖော်ပြခဲ့သည်။
AUKUS သဘောတူညီချက်အရ သြစတြေးလျနိုင်ငံသည် နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုထားသော အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောရှစ်စင်းကို လက်ခံရရှိမည့်အပြင် ရေဒါဖြင့် ဖမ်းရခက်သော တာဝေးပစ်ဒုံးကျည်များ ပစ်ခတ်နိုင်စွမ်းရှိသည့် သမားရိုးကျလက်နက်များ တပ်ဆင်ထားသော ရေငုပ်သင်္ဘောများကိုလည်း လက်ခံရရှိမည်ဖြစ်သည်။
အဆိုပါ မဟာမိတ်အဖွဲ့သစ်က တရုတ်ကို ဒေါသထွက်စေခဲ့သည်။ AUKSU ကာကွယ်ရေး မဟာမိတ်အဖွဲ့သစ်သည် ဒေသတွင်း တည်ငြိမ်ရေးကို အလွန်အမင်းတာဝန်မဲ့သော ခြိမ်းခြောက်မှုအဖြစ် တရုတ်က ပြောကြားခဲ့သည်။
သြစတြေးလျထံ ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘောရောင်းချရန် သဘောတူညီချက် ပျက်သွားသဖြင့် AUKUS မဟာမိတ်ကို ပြင်သစ်က ဒေါသထွက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
