ကရင်ပြည်နယ်အတွင်း လူဦးရေနှင့် အိမ်အေကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူနေသည့်အဖွဲ့များ တိုက်ခိုက်ခံမှုများရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အောက်တိုဘာ ၁၀ ရက် နံနက် ၇ နာရီ က ဘားအံမြို့နယ် သာမညကျေးရွာမြောက်ပိုင်း၊ ဇေယျာသီရိရပ်ကွက်ရှိ ဝင်းစိန်ဘုန်းကြီးကျောင်း မုခ်ဝအနီးတွင် သန်းခေါင်စာရင်းကောက်ခံနေသည့်အဖွဲ့အား လုံခြုံရေးယူပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါလာသော Hijet အမျိုးအစား မော်တော်ယာဉ်မှာ RPG ဖြင့် အနီကပ် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “RPG နဲ့ အနီးကပ် ပစ်ခတ်ခံရလို့ Hijet ယာဉ်ပေါ်လိုက်ပါလာကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် သုံး ဦးက ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင် သုံး ဦးက ထိခိုက်ဒဏ်ရာတွေရသွားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
ထိုသို့ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်းစာရင်းကောက်ခံမည့်အဖွဲ့တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား အများအပြားရောက်ရှိလာကာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာဝန်းကျင်အား နယ်မြေရှင်းလင်းမှုလုပ်ဆောင်ခဲ့သည်ဟု သိရကြောင်း ၎င်းဒေသခံက ဆိုသည်။
ထိုတိုက်ခိုက်မှုအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ လုပ်ဆောင်ခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အလားတူ အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီ ခန့်ကလည်း ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း ကောက်ယူပြီးပြန်လာသည့်အဖွဲ့မှာလည်း ကမမောင်းမြို့အထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်းနှင့် သန်းခေါင်စာရင်း အဖွဲ့အား လုံခြုံရေးယူပေးနေသည့် BGF တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
