အာဖဂန်နစ္စတန်တွင် သဘောထားတင်းမာသည့် အစ္စလာမ္မာစ်များဖြစ်သည့် တာလီဘန်အဖွဲ့က မီဒီယာအပေါ် တင်းကျပ်စွာချုပ်ကိုင်သည့် လှုပ်ရှားချက်တစ်ရပ်အနေဖြင့် ရုပ်သံအစီအစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ကန့်သတ်ထားသည့် ဘာသာရေးလမ်းညွှန်ချက်အသစ်များ ထုတ်ပြန်ခဲ့မှုအပေါ် အာဖဂန် ဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူများက နိုဝင်ဘာ ၂၃ ရက်တွင် ရှုတ်ချခဲ့ကြသည်။
နိုဝင်ဘာ ၂၁ ရက်က အာဖဂန်နစ္စတန်၏ သုစရိုက်မြှင့်တင်ရေးနှင့် ဒုစရိုက်တားဆီးရေး ဝန်ကြီးဌာနသည် ရုပ်သံလိုင်းများအားလုံးကို အမျိုးသမီးသရုပ်ဆောင်များပါဝင်သည့် ဒရာမာဇာတ်လမ်းများ၊ ရုပ်သံဇာတ်လမ်းတွဲများ ပြသမှုကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် အစ္စလာမ် သို့မဟုတ် အာဖဂန်၏ စံတန်ဖိုးများနှင့် ဆန့်ကျင်သည့် ရုပ်ရှင်များ သို့မဟုတ် ဇာတ်လမ်းများကို ပြသခြင်းမပြုရန်နှင့် ရုပ်သံတွင် အမျိုးသမီး ဂျာနယ်လစ်များကိုလည်း သတင်းဖတ်နေချိန်တွင် ခေါင်းမြီးခြုံရန် တိုက်တွန်းခဲ့သည်။
အာဖဂန်တွင် အမျိုးသမီးပရို ဂျူဆာများနှင့် အမျိုးသမီးသတင်းထောက်များကို အလုပ်ခန့်ထားသည့် ပထမဆုံး ရုပ်သံလိုင်းဖြစ်သည့် Zan TV ကမူ ယင်းလမ်းညွှန်ချက်များသည် မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက် ခြင်းဖြစ်ပြီး အမျိုးသမီးဂျာနယ်လစ်အရေအတွက်ကို လျော့ကျစေကြောင်း Twitter တွင် ရေးသားဖော်ပြခဲ့သည်။
တာလီဘန်တို့သည် အာဏာပြန်ရလာခဲ့ပြီးနောက် သုံးလအကြာတွင် ယခုကဲ့သို့ မီဒီယာအပေါ် စည်းကမ်းချက်များ ထုတ်ပြန်ခြင်းဖြစ်သည်။
အာဖဂန်ဂျာနယ်လစ်များအဖွဲ့ကို ထူထောင်သည့် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟူဂျာတူလာမူဂျာဒီဒီက ယင်းလမ်းညွှန်ချက်များကို ကျင့်သုံးရမည်ဆိုလျှင် မီဒီယာအချို့ အထူးသဖြင့် ရုပ်သံလိုင်းများသည် အလုပ်ကို ရပ်နားရမည့် အခြေအနေမျိုး ဖြစ်လာစေလိမ့်မည်ဟု ပြောကြားခဲ့သည်။
ရုပ်သံလိုင်းတွင် ပြသမည့် အစီအစဉ်အများစုမှာ အိန္ဒိယနှင့် တူရကီနိုင်ငံတို့တွင် ရိုက်ကူးသည့် ရုပ်ရှင် ဇာတ်လမ်းတွဲများ ဖြစ်သဖြင့် လမ်းညွှန်ချက်အသစ်များအရ ယင်းဇာတ်လမ်းတွဲများကို ပြသခွင့်ရှိမည် မဟုတ်သလို ရုပ်သံလိုင်းများအတွက်လည်း ၎င်းတို့၏ ကြည့်ရှုသူပရိသတ်များကို ဆက်ထိန်းထားနိုင်ရန် ခက်ခဲသွားမည်ဖြစ်သည်။
အာဖဂန်နစ္စတန်၏ သုစရိုက် မြှင့်တင်ရေးနှင့် ဒုစရိုက်တားဆီးရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကမူ စီမံချက်အသစ်များသည် စည်းမျဉ်းစည်းကမ်းများဆိုခြင်းထက် ဘာသာရေးလမ်းညွှန်ချက် သဘောသက် ရောက်သည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ယင်းလမ်းညွှန်ချက် မထုတ်ပြန်မီ ရက်ပိုင်းအလိုက တာလီဘန်ဝန်ကြီးချုပ်၏ မီဒီယာပြောရေးဆိုခွင့်ရှိသူ ကာရီအဗ္ဗဒူဆက်တာဆာအိဒ်က အာဖဂန်မီဒီယာများသည် ရန်သူများ၏ ၀ါဒဖြန့်မှုများကို ဖော်ပြနေပြီး ၎င်းတို့ကို တင်းကျပ်စွာ ဆက်ဆံသင့်ကြောင်း ပြောကြားခဲ့သည်။
ပြည်ပြေးဂျာနယ်လစ်နစ်တစ်ဦးဖြစ်သည့် အက်စ်လီယာ အာမက်ဇိုင်ကမူ အာဖဂန်တွင် အမျိုးသမီးဂျာနယ်လစ်များသည် ခြိမ်းခြောက်ခံဘဝကို ခံစားရလိမ့်မည်ဟု အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
နောက်ထပ် အမည်မဖော်လိုသည့် ပြည်ပြေးဂျာနယ်လစ်တစ်ဦးကလည်း တာလီဘန်တို့၏ ယခုလမ်းညွှန်ချက်မားသည် ၁၉၉၀ ပြည့်နှစ်ကာလများကဲ့သို့ မီဒီယာကို တားမြစ်ပိတ်ပင်မှု၏ ပထမခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
