ဟောင်ကောင်တွင် တရုတ်ပြည်မကြီးက ချမှတ်ခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေအရ ဒီမိုကရေစီတက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦးသည် ခွဲထွက်ရေးလှုပ်ရှားဆောင်ရွက်မှုဖြင့် နိုဝင်ဘာ ၂၃ ရက်တွင် ထောင်ဒဏ်သုံးနှစ်ခွဲ ချမှတ်ခံခဲ့ရသည်။
အသက် ၂၀ အရွယ် တိုနီချောင်သည် ဟောင်ကောင်တွင် အစိုးရနှင့်သဘောထား မတိုက်ဆိုင်သူများကို ဖိနှိပ်ခဲ့ပြီး တစ်ချိန်က နိုင်ငံတကာစီးပွားရေးရပ်ဝန်းဖြစ်သည့် ဟောင်ကောင်ကို ပြောင်းလဲစေခဲ့သည့် တရုတ်၏ အမျိုးသားလုံခြုံရေးဥပဒေအောက်တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့သည့် နောက်ဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။
သူသည် ယခုလအစောပိုင်းက ခွဲထွက်ရေးလှုပ်ရှားဆောင်ရွက်မှုနှင့် ငွေကြေးခဝါချမှုစွဲချက်များကို အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သော်လည်း ယင်းသို့ လုပ်ဆောင်ခဲ့မှုများအတွက် အရှက်ရခြင်းမရှိကြောင်း ကြေညာခဲ့သည်။
ချောင်သည် လွန်ခဲ့သည့်ငါးနှစ်က ဟောင်ကောင်ကို တရုတ်လက်အောက်မှ လွတ်လပ်ရေးရရှိစေရန် ထောက်ခံအားပေးခဲ့သည့် အလယ်တန်း ကျောင်းသားများပါဝင်ခဲ့သည့် Student Localism အဖွဲ့၏ ခေါင်း ဆောင်ဟောင်းဖြစ်သည်။
ဟောင်ကောင်တွင် တရုတ်လက်အောက်မှ ခွဲထွက်ရေးကို တောင်းဆိုမှုများမှာ အနည်းငယ်သာရှိခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ ပိုမိုတောင်းဆိုလျက်ရှိပြီး လွန်ခဲ့သည့်နှစ်နှစ်က ဒီမိုကရေစီလိုလားသည့် ဆန္ဒပြမှု များ အုံကြွမှုများ ဖြစ်ပွားခဲ့သည်။
ယင်းဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် ဟောင်ကောင်တွင် လုံခြုံရေးဥပဒေပြဋ္ဌာန်းခဲ့ပြီး Student Localism အဖွဲ့သည် ယင်းဥပဒေအသက်မဝင်မီ အဖွဲ့ကို ဖျက်သိမ်းခဲ့သည်။
အာဏာပိုင်များကမူ ချောင်သည် ပြည်ပနိုင်ငံများမှ တက်ကြွလှုပ်ရှားသူများ၏ ငွေကြေးလှူဒါန်းမှုများကို အွန်လိုင်း ငွေကြေးဝန်ဆောင်မှု PayPal မှတစ်ဆင့် လက်ခံရရှိခဲ့ကာ ၎င်းအဖွဲ့အစည်းကို ဆက်လက်လုပ် ဆောင်နေသည်ဟု စွပ်စွဲခဲ့ပြီး ယင်းလုပ်ဆောင်မှုများသည် ငွေကြေးခဝါချမှုစွဲချက်၏ အဓိကအကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။
ချောင်၏ အဖွဲ့သည် လူမှုမီဒီယာများပေါ်တွင် “တရုတ်ကွန်မြူနစ် ကိုလိုနီဥပဒေကို ဖျက်သိမ်းရေး”၊ “ဟောင်ကောင်သမ္မတ နိုင်ငံထူထောင်ရေး” အစရှိသည့် တိုက်တွန်းချက်များကို ရေးသားဖော်ပြမှုပေါင်း အကြိမ် ၁၀၀၀ ကျော်ရှိခဲ့သည်ဟု အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
ဟောင်ကောင်အာဏာပိုင်များက တရုတ်၏ အမျိုးသားလုံခြုံရေးဥပဒေသည် နောက်ကြောင်းပြန် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု ကတိပြုခဲ့သည့်တိုင် ယင်းရေးသားဖော်ပြချက်များထဲမှ အချို့သည် ဥပဒေမပြဋ္ဌာန်းမီက လူမှုမီဒီယာများတွင် တင်ခဲ့သည့်ရေးသားချက်များ ဖြစ်ခဲ့သည်။
အမျိုးသားလုံခြုံရေးဆိုင်ရာအမှုများကို စစ်ဆေးရန် အစိုးရက ရွေးချယ်ခဲ့သည့် တရားသူကြီးအဖွဲ့ထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် စတန်လေချန်က ချောင်၏ ပြစ်မှုဆိုင်ရာ ရည်ရွယ်ချက်သည် လူမှုမီဒီယာများ၊ အင် တာဗျူးများနှင့် လမ်းဘေးစျေးဆိုင်များနှင့် စာသင်ကျောင်းများတွင် လူအားလုံးကို မြင်တွေ့ကြားသိစေရန် ဖြစ်သည်ဟု နိုုဝင်ဘာ ၂၃ ရက်က ပြောကြားခဲ့သည်။
ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေဖြင့် လူပေါင်း ၁၅၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ထက်ဝက်ခန့်မှာ တရားစွဲဆိုခံခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
