ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှုအနေဖြင့် နိုဝင်ဘာ ၂၂ ရက်က တစ်ရက်အတွင်း လူနာသစ် ၄၆၀၀၀၀ ကျော်နှင့် သေဆုံးသူ ၅၈၀၀ ကျော်ရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုအနေဖြင့် နိုဝင်ဘာ ၂၂ ရက်က တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ လူနာသစ် ၄၆၅၄၇၀ ဦးနှင့် သေဆုံးသူ ၅၈၈၀ ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၂၅၈၄၀၉၉၀၄ ဦးရှိပြီး သေဆုံးသူ ၅၁၇၄၆၉၂ ဦးရှိပြီး ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း၂၃၃၈၅၅၂၉၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ခရစ္စမတ် အားလပ်ရက်များမတိုင်မီ သြစတြီးယားနိုင်ငံတွင် နိုဝင်ဘာ ၂၂ ရက်၌ စျေးဆိုင်များ၊ စားသောက်ဆိုင်များကို ပိတ်ခဲ့ပြီး lockdown စည်းမျဉ်းများ ပြန်လည်ချမှတ်ခဲ့ကာ ယင်းစည်းမျဉ်းများသည် အနောက်ဥရောပ၌ လပေါင်းများစွာအတွင်း သိသာထင်ရှားသည့်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းများ ဖြစ်လာခဲ့သည်။
ယင်းဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မှုများ ပြင်းပြင်းထန်ထန်ထွက်ပေါ်ခဲ့ပြီး သောင်းနှင့်ချီသည့် ဆန္ဒပြသူများက လမ်းမများပေါ် ထွက်လာကြကာ အချို့မှာမူ ဥရောပသို့ရိုက်ခတ်လာသော နောက်ဆုံးဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်လှိုင်းကို တားဆီးနိုင်ရန် အစိုးရအနေဖြင့် လုံလောက်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်ခြင်းမရှိဟု ဝေဖန်ပြစ်တင်ခဲ့ကြသည်။
နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းအချိန်တွင် သြစတြီးယားနိုင်ငံရှိ ပြည်သူ ၈ ဒသမ ၉ သန်းသည် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း၊ မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူခြင်းနှင့် အားကစားပြုလုပ်ခြင်းမှလွဲ၍ နေအိမ်မှထွက်ခွာခွင့် မရရှိတော့ပေ။
ထို့ပြင် သြစတြီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မဖြစ်မနေထိုးနှံရန် ထုတ်ပြန်ခဲ့ပြီး ဥရောပတွင် ယခင်က ယင်းစည်းမျဉ်းထုတ်ပြန်ထားသည့် တစ်ခုတည်းသောနိုင်ငံမှာ ဗာတီကန် နိုင်ငံဖြစ်သည်။
COVID-19 ပထမဆုံး ပေါ်ပေါက်လာချိန်ကတည်းက နှစ်နှစ်နီးပါးအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရချိန်တွင် ဥရောပရှိ နိုင်ငံအများအပြား၌ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက် စည်းမျဉ်းများကို ပြန်လည်ပြဋ္ဌာန်းခဲ့ပြီး စားသောက်ဆိုင်နှင့် ဘားများကဲ့သို့ နေရာများတွင် ကာကွယ်ဆေး မထိုးနှံရသေးသူများကို တားမြစ်သည့် စည်းမျဉ်းများ ထုတ်ပြန်ထားသည်။
သြစတြီးယား၏ အစောပိုင်း ကတိကဝတ်များ၌ တင်းကျပ်သော ဗိုင်းရပ်စ်ကန့်သတ်ချက် စည်းမျဉ်းများသည် အတိတ်ကာလက ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းသာ ဖြစ်လိမ့်မည်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
