ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေသောကြောင့် အမေရိကန်နိုင်ငံသားများ ဂျာမနီနှင့် ဒိန်းမတ်သို့ မသွားရန် နိုဝင်ဘာ ၂၂ ရက်တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါနှစ်နိုင်ငံစလုံးအတွက် ခရီးသွားလာမှု သတိပေးချက် အဆင့်လေးကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခု ခရီးသွားလာမှုအကြံပြုချက်သည် အမြင့်ဆုံးအကြံပြုချက်ဖြစ်၍ နိုင်ငံတစ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးအနေအထား ရောက်ရှိနေကြောင်း ဖော်ပြသော အကြံပြုချက်ဖြစ်သည်။
ဒိန်းမတ်နိုင်ငံသို့ ဝင်ရောက်မည့် အမေရိကန်နိုင်ငံသားများကို အကျိုးသက်ရောက်မည်ဖြစ်သော ကန့်သတ်ချက်များရှိနေသည်ဟု ခရီးသွားမည့်သူများအား သတိပေးထားသည်။
ကပ်ရောဂါ၏ ဗဟိုပြုရာနေရာအဖြစ် ဥရောပပြန်ရောက်လာခြင်းမှာ ကူးစက်မြန်ဒယ်တာမျိုးကွဲ ဗိုင်းရပ်စ်ကူးစက်နေသော နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုနှေးကွေးနေခြင်းနှင့် ပိုမိုအေးလာသော ရာသီဥတုကြောင့် လူများကိုအိမ်တွင်းထဲ၌ ထပ်မံနေထိုင်နေခြင်းတို့ကြောင့် ဖြစ်သည်။
ဥရောပတိုက်၏ လူဦးရေ အများဆုံးနိုင်ငံဖြစ်သော ဂျာမနီတွင် လူဦးရေ၏ ၆၈ ရာခိုင်နှုန်းသာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသည်။
ခြောက်လအကြာတွင် ကာကွယ်ဆေး အာနိသင်လျော့နည်းသွားခြင်းကို ချေဖျက်ရန် ကာကွယ်ဆေးထိုးနှံထားသော လူကြီးအားလုံး နောက်တိုးကာကွယ်ဆေးထိုးနှံကြရန် ဂျာမနီအစိုးရက တိုက်တွန်းထားသည်။
“အခုဆောင်းတွင်း အကုန်လောက်မှာ ဂျာမနီက အဆိုးမြင်သူတွေလို့တောင် ပြောနိုင်တဲ့လူတွေကို ကာကွယ်ဆေးထိုးနှံပေးမှာပါ၊ ကုသပေးတာ ဒါမှမဟုတ်သေသွားတာတွေ ရှိလာမှာပါ” ဟု ဂျာမနီကျန်းမာရေးဝန်ကြီး ဂျန်းစ်စဖန်က ပြောကြာခဲ့သည်။ နောက်ထပ်ပြည်သူများ ကာကွယ်ဆေးထိုးနှံကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများကို အများပြည်သူသွားလာသည့် နေရာအချို့မှ ပိတ်ပင်ခြင်း အပါအဝင် ဂျာမနီနိုင်ငံ၏ လတ်တလော ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်မှုများမှာ မလုံလောက်ဟု ရာထူးမှထွက်ခွာတော့မည့် အဓိပတိ အန်ဂျယ်လာမာကယ်က သတိပေးထားသည်။
အရေးပေါ်ခန်းများတွင်ရှိသော လူနာခုတင်များ လျင်မြန်စွာ ပြည့်သွားခြင်းနှင့်အတူ ဂျာမနီနိုင်ငံ၏ အဆိုးရွားဆုံး ကူးစက်မှုဖြစ်ပွားရာ ဒေသများကို လော့ဒေါင်းအသစ်များချရန် ညွှန်ကြားထားသည်။ လော့ဒေါင်းချမည့် စည်းကမ်းချက်များထဲတွင် ခရစ္စမတ်စျေးများ ပိတ်ထားခြင်းလည်း ပါဝင်သည်။
ဒိန်းမတ်နိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာသဖြင့် ရုပ်သိမ်းခဲ့သော ကန့်သတ်ချက်များကို ပြန်လည်ချမှတ်မည်ဟု ဒိန်းမတ်အစိုးရက ပြောကြားခဲ့သည်။
ဒိန်းမတ်သည် ခုနှစ်လအတွင်း ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းများ ပြန်လည်ချမှတ်မည့်အပေါ် ပြည်သူများက အဆိုးမြင်လျက်ရှိကြောင်း ဒိန်းမတ်မီဒီယာက ဖော်ပြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
