နိုဝင်ဘာ ၂၂ ရက်က အမေရိကန်စစ် စစ်သင်္ဘောတစ်စီးသည် ထိုင်ဝမ်နှင့် တရုတ်နိုင်ငံကို ပိုင်းခြားထားသော ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု အမေရိကန်ရေတပ်က ထုတ်ဖော်ပြောကြားခဲ့ပြီး ပြိုင်ဘက် စူပါပါ၀ါနှစ်နိုင်ငံမှ ခေါင်းဆောင်နှစ်ဦး အွန်လိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘော ပထမဆုံးဖြတ်သန်းမှု ဖြစ်သည်။
Arleigh Burke - class ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသောဖျက်သင်္ဘော USS Milius ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခြင်းသည် လုပ်ရိုးလုပ်စဉ် ဖြစ်သန်းမှုဖြစ်သည်ဟု အမှတ်ခုနစ် အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။
ယခုနှစ်၏ ၁၁ ကြိမ်မြောက် လွတ်လပ်သော ရေကြောင်းသွားလာမှုဟု ကြေညာခဲ့သော ပင်လယ်ခရီးရှည်သည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်အတွက် အမေရိကန်၏ လုပ်ဆောင်ချက်ကို ထင်ရှားစေသည်ဟု အမှတ်ခုနစ်ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်ဝမ်လွတ်လပ်ရေးကို အားပေးအားမြှောက်လုပ်ခြင်းသည် အန္တရာယ်နှင့် ကစားခြင်းဖြစ်လိမ့်မည်ဟု အွန်လိုင်းထိပ်သီး အစည်းအဝေးတွင် ရှီကျင်းပင်က ဂျိုးဘိုင်ဒင်ကို သတိပေးခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
အမေရိကန်စစ်သင်္ဘောများသည် ထိုင်ဝမ်ရေလက်ကြားတွင် စစ်ရေးလေ့ကျင့်မှုများကို အခါအားလျော်စွာ လုပ်ဆောင်လျက်ရှိရာ ထိုင်ဝမ်ကိုလည်းကောင်း၊ ထိုင်ဝမ်အနီးဝန်းကျင်ရှိ ရေပြင်ကိုလည်းကောင်း မိမိပိုင်နက်ဖြစ်သည်ဟု ပြောကြားထားသော တရုတ်၏ဒေါသတကြီးတုံ့ပြန်မှုများကို မကြာခဏ ဖြစ်ပေါ်စေခဲ့သည်။
အမေရိကန်နှင့် အခြားသောနိုင်ငံအများစုက ထိုင်ဝမ်ရေလက်ကြားကို အားလုံးအတွက် ပွင့်လင်းသော အပြည်ပြည်ဆိုင်ရာ ရေပြင်အဖြစ် ရှုမြင်ထားကြသည်။
တရုတ်က ထိုင်ဝမ်ကို စစ်ရေးခြိမ်းခြောက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး အငြင်းပွားတောင်တရုတ်ပင်လယ်ကို ထိန်းချုပ်မှုများ ခိုင်မာအောင်လုပ်ဆောင်လျက် ရှိသည့်အနေအထားတွင် အရေအတွက် ပိုမိုများပြားလာသော အမေရိကန်မဟာမိတ်နိုင်ငံများသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့ကြသည်။
ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်နှင့် သြစတြေးလျတို့က စစ်သင်္ဘောများသည် မကြာသေးခင်နှစ်များတွင် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့ကြရာ တရုတ်ထံမှ ကန့်ကွက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
စင်ကာပူနိုင်ငံရှိ ရာဇာရတ်နမ် အပြည်ပြည်ဆိုင်ရာ လေ့လာရေးကျောင်းမှ သုတေသီ ကောလင်းခိုးသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမည်ဟု ကြေညာခဲ့သော အမေရိကန်စစ်သင်္ဘောများ ခုတ်မောင်းမှုနှင့် သက်ဆိုင်သော အချက်အလက်များကို ထိန်းသိမ်းထားသူဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်ရေလက်ကြားသို့ အမေရိကန်စစ်သင်္ဘောများ ဖြတ်သန်းခုတ်မောင်းမှုသည် ကိုးကြိမ်ရှိခဲ့သည်ဟု ဆိုသည်။ ၂၀၂၀ ခုနှစ်တွင် ယင်းရေလက်ကြားသို့ ဖြတ်သန်းမှု ၁၅ ကြိမ်ရှိခဲ့သည်ဟု ကောလင်းခိုးက ပြောကြားသည်။ ၂၀၂၁ ခုနှစ်တွင်လည်း လက်ရှိအချိန်ထိ အမေရိကန်စစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်းခုတ်မောင်းမှု ၁၁ ကြိမ်ရှိထားသည်ဟု ဆိုသည်။
ယခုဖြတ်သန်းခုတ်မောင်းခဲ့သော USS Milius စစ်သင်္ဘောသည် ၂၀၂၁ ခုနှစ်အတွင်း ထိုင်ဝမ်ရေလက်ကြားကို ၁၁ ကြိမ်ဖြတ်သန်းခဲ့ပြီး ဖြစ်သည်ဟု ၎င်းကထုတ်ဖော် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
