ယခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်၏ ပထမ (၆) လပတ်အတွင်း ပြည်ပပြောင်းတင်ပို့မှုသည် သတ်မှတ်လျာထားချက်ထက် ကျော်လွန်တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပို့ကုန်အမယ်တစ်ခုချင်းအလိုက် တင်ပို့ရန် သတ်မှတ်လျာထားချက်များရှိပြီး ပြောင်းတင်ပို့မှုတွင် ပထမ (၆)လပတ်အတွင်း တင်ပို့မှုသည် သတ်မှတ်လျာထားချက်ထက် ကျော်လွန်အောင် တင်ပို့နိုင်သည်ကို တွေ့ရှိရကာ အခြားပို့ကုန်အမယ်တစ်ခုချင်းအလိုက် သတ်မှတ်လျာထားချက်များကို ပြည့်မီအောင်တင်ပို့နိုင်ရန်လိုအပ်နေသေးကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
လက်ရှိ ပြည်ပသို့ တင်ပို့နေသော မြန်မာ့လယ်ယာထွက်ကုန် သီးနှံများအနက် ပဲမျိုးစုံတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေအများဆုံးရရှိနေပြီး ဆန်တင်ပို့မှုမှ ဒုတိယအများဆုံးရရှိကာ ပြောင်းတင်ပို့မှုမှ တတိယအများဆုံး ရရှိနေခြင်းဖြစ်ကြောင်း တစ်နှစ်လျှင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ပြောင်းသီးနှံ၏ သုံးပုံနှစ်ပုံခန့်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်ပြီး ကျန်သုံးပုံတစ်ပုံခန့်ကို ပြည်တွင်း၌ သုံးစွဲလျက်ရှိကြောင်းသိရသည်။
လက်ရှိပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းထုတ်လုပ်မှု ပမာဏ မက်ထရစ်တန်ချိန် ၃ ဒသမ ၂ သန်းခန့်ရှိသည့်အနက် တန်ချိန် ၂ ဒသမ ၂ သန်းခန့်ကို ပြည်ပသို့တင်ပို့ပြီး ကျန်တန်ချိန် တစ်သန်းခန့်ကို ပြည်တွင်း၌ သုံးစွဲကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
