မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မန္တလေးတိုင်း၊ သာစည်မြို့နယ်တို့တွင် ပြီးခဲ့သည့် အောက်တို ဘာ ၁၁ ရက်က စိတ်ကြွဆေးပြား(၈)သောင်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မော်လမြိုင်မြို့၊ (၆)မိုင်ရပ်ကွက်၊ ကံ့ကော်လမ်းနေ သက်ဇော်ဝင်း(၅၂)နှစ်၏နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များမှ အောက်တိုဘာ ၁၁ ရက်ညနေ ၄ နာရီခွဲခန့်တွင် ၀င်ရောက်ရှာဖွေရာမှ ငွေကျပ် ၁၅၀၀ သိန်းတန် ဖိုးရှိ စိတ်ကြွဆေးပြား ၅၀၀၀၀ ပြားအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူအားစစ်ဆေးချက်အရ စိတ်ကြွ ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူး ပေါင်းပါဝင်သူ ခွန်ကွန်း(ခ)မင်းသစ်စိုး(၄၀)အား မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင်ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မြိုင်သာယာနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ခဲ့ကြောင်း သိရသည်။
ထို့အတူ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များမှ အောက်တိုဘာ ၁၁ ရက်ည ၁၀ နာရီခွဲခန့်က တောင်ကြီးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီး သည်တင်ကားကိုတားဆီးစစ်ဆေးရာ ခရီးသည်သိန်းဌေးအောင်(၄၆)နှစ်အား ငွေကျပ်(၄၅၀) သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား(၃၀၀၀၀)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သာစည်မြို့မရဲစခန်းက မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
