ဂျေရုဆလင်၊အောက်တိုဘာ ၁၃
အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည် လက်ဘနွန်တောင်ပိုင်းမှ ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ရုတ်သိမ်းပေးရန် ကုလသမဂ္ဂကို အောက်တိုဘာ ၁၃ ရက်နေ့တွင်တောင်းဆိုခဲ့ကြောင်းသိရသည်။
“ကုလအတွင်းရေးမှူးချုပ် မစ္စတာဂူတားရက်စ်အနေနဲ့ သူ့ရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို ဘေးအန္တရာယ်များတဲ့အခုလိုနေရာများမှာ မထားသင့်တော့ပါဘူး၊ဒါကြောင့် ငြိမ်းချမ်းရေးအဖွဲ့တွေကို လက်ဘနွန်တောင်ပိုင်းကနေ အမြန်ဆုံးရုပ်သိမ်းပေဖို့တောင်းဆိုပါတယ်” ဟုလည်း ၎င်းကဆိုခဲ့သည်။
“ဒီအစီအစဉ်ကို အခုချက်ချင်း အကောင်အထည်ဖော်သင့်ပါတယ်” ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။ ထို့ပြင် လက်ဘနွန်တွင် ကုလငြိမ်းချမ်းရေးတပ်ဖွဲ့များကို လွှတ်ထားခြင်းသည် ဟစ်ဇ်ဘိုလာတို့အတွက် ဓ-ါးစာခံပေးထားသလိုဖြစ်နေသည်ဟုလည်း၎င်းကဆိုခဲ့သည်။
ဆက်လက်၍လည်း ၎င်းက ပြီးခဲ့သည့်တစ်ပတ်က အစ္စရေးတပ်ဖွဲ့များကြောင့် ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိပါကြောင်းနှင့် အတတ်နိုင်ဆုံး အလားတူဖြစ်ရပ်မျိုးထပ်မဖြစ်စေရန် သတိထားနေသည်ဟုလည်းဆိုခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
