ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ရှုခင်းများကြည့်ရှုရန် လူများစီးနင်းလိုက်ပါနိုင်သည့် မီးပုံပျံ(Balloons)များ စတင်ပျံသန်းတော့မည် ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ (၁၆) ရက်၊ နံနက် (၆)နာရီအချိန်မှ စတင်ကာ ယခုနှစ်ဆောင်းရာသီ Balloons ပျံသန်းခြင်းများစတင် ပျံသန်းမည်ဖြစ်ကာ ရွှေလေတံခွန်(နီညိုရောင်)မီးပုံပျံအဖွဲ့က ပျံသန်းမည်ဟုသိရသည်။
ထိုသို့ပျံသန်းနိုင်ရန် ရွှေလေတံခွန် (နီညိုရောင်) မီးပုံးပျံဓာတ်ငွေ့ Balloons အဖွဲ့မှ ပိုင်းလော့ KX-Gavm နှင့် ပိုင်းလော့ K-Andy တို့လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေနှင့် ဧရာဝတီမြစ်အလှရှုခင်းများ၊ ထန်းပင်ထန်းတောများ၊ အညာဒေသတွင် ပေါက်ရောက်သည့် ထနောင်းပင်များ၊ တမာပင်များ၊ ရှားစောင်းပင်၊ ရှေးဟောင်းအဆောက်အအုံများနှင့် တုရင်တောင်တန်း၊ တန့်ကြည်တောင်တန်းနောက်ခံနှင့် ဧရာဝတီမြစ်အလှတို့အား ကြည့်ရှုလေ့လာနိုင်တော့မည် ဖြစ်သည်။
Balloons စီး၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကောင်းကင်ယံမှ ကြည့်ရှုခြင်းကို ပြည်ပနိုင်ငံသားများ စီးနင်းကြည့်ရှုမှုများပြားခဲ့ရာမှ ယခုအခါ ပြည်တွင်းဧည့်သည် စီးနင်းလိုက်ပါမှုများပြားလာခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
