မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့(OPCW) မှ ဓာတုလက်နက် တားဆီးပိတ်ပင်ရေး သ ဘောတူစာချုပ် (CWC)၊ Article XI အောက်မှ အကောင်အထည်ဖော်လျက်ရှိသည့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုနှင့် အကူအညီပေးရေး အစီအစဉ်များ၊ သင်တန်းများတွင် ပိုမိုပူးပေါင်းပါဝင်ခွင့် ရရှိလိုပါကြောင်း အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားသည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ရုံးချုပ်၌ အောက်တိုဘာ (၈)ရက်မှ အောက်တိုဘာ (၁၁)ရက်အထိ ကျင်းပခဲ့သည့် OPCW ၏ (၁၀၇) ကြိမ်မြောက် Executive Council အစည်းအဝေး (E C-107) သို့ OPCW ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် OPCW မှ သက်ဆိုင်ရာ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဓာတုလက်နက်ဖျက်သိမ်းရေးလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ဓာ တုလက်နက်ဖြင့် ခြိမ်းခြောက်မှု အန္တရာယ်အား ကာကွယ်ဟန့်တားရေးလုပ်ငန်းများ၊ ဓာတုလက်နက် တားဆီးပိတ်ပင်ရေး သဘောတူစာချုပ် (Chemical Weapons Convention -CWC) ၏ Article VII နှင့် Article XI တို့အား အကောင်အ ထည်ဖော် ဆောင်ရွက်မှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဓာတုလက်နက် အသုံးပြု၍ အကြမ်းဖက်မှုအား တိုက်ဖျက်ရေးလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ၊ CWC စာချုပ်ကိုအကောင်အထည်ဖော်ရာ၌ လူသားဉာဏ်ရည်တု နည်းပညာ (AI) အား အသုံး ပြုနိုင်မှုနှင့် AI ၏ စိန်ခေါ်မှုများအား OPCW Technical Se cretariat အနေနှင့် သုတေသနပြု ဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံသည် CWC စာချုပ်၏ မူဝါဒနှင့် ရည်ရွယ်ချက်များကို အပြည့်အဝ လိုက်နာဆော င်ရွက်လျက်ရှိကြောင်း၊ ဓာတုလက်နက် ကင်းစင်သည့် ကမ္ဘာကြီးဖြစ်စေရန် OPCW ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံကြောင်း၊ CWC စာချုပ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အရေးကြီးသည်ကို အခိုင်အမာ ယုံ ကြည်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် OPCW မှ CWC စာချုပ်၊ Article XI အောက်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီပေးရေး အစီအစဉ်များ၊ သင်တန်းများတွင် မြန်မာနိုင်ငံမှ ပိုမို ပူးပေါင်းပါဝင်ခွင့် ရရှိလိုကြောင်းနှင့် AI နည်းပညာ၏ စိန်ခေါ်မှုများအား OP CW Technical Secretariat အနေနှင့် သုတေသနပြုဆောင်ရွက်နေမှုကို ကြိုဆိုအသိအမှတ်ပြုကြောင်းစသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
