လိုင်လီအသင်းသည် PSG အသင်းမှ အမေရိကန်လူငယ်တိုက်စစ်မှူး တီမိုသီဝီယာအား ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ဇွန်လ (၂၉) ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။
လိုင်လီအသင်းသည် PSG အသင်းမှ အမေရိကန်လူငယ်တိုက်စစ်မှူး တီမိုသီဝီယာအား ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ဇွန်လ (၂၉) ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။
လိုင်လီအသင်းသည် အသက် (၁၉) နှစ်အရွယ်ရှိ တီမိုသီဝီယာကို (၅) နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးမှာ ယူရို (၁၀) သန်းဖြစ်ကြောင်း ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြခဲ့သည်။
တီမိုသီဝီယာက "ကျွန်တော့်ရဲ့ကစားသမားဘဝတိုးတက်ဖို့အတွက် လိုင်လီအသင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ လိုင်လီအသင်းက ရည်မှန်းချက်မြင့်မားတဲ့အသင်းဖြစ်ပြီး လူငယ်ကစားသမားတွေကို နေရာပေးတဲ့အသင်းပါ။ လိုင်လီအသင်းမှာ ဂိုးတွေသွင်းပြီး ဆုဖလားတွေရယူနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
နာမည်ကျော်လိုက်ဘေးရီးယားဘောလုံးသမားဟောင်း ဂျော့ဝီယာ၏ သားဖြစ်သူ တီမိုသီဝီယာသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို PSG အသင်းနှင့် ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး အသင်းတွင် ပုံမှန်နေရာရရန် ရုန်းကန်ခဲ့ရသူဖြစ်သည်။
ထို့ကြောင့် တီမိုသီဝီယာသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ဒုတိယရာသီဝက်တွင် ဆဲလ်တစ်အသင်းထံသို့ ရာသီဝက်အငှားဖြင့် သွားရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၇) ပွဲတွင် (၄) ဂိုးသွင်းယူခဲ့သည်။
ထို့ပြင် တီမိုသီဝီယာသည် အမေရိကန်လက်ရွေးစင်အသင်းအတွက် (၈) ပွဲပါဝင်ကစားခွင့်ရထားပြီး (၁) ဂိုးသွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
