မြန်မာ့လက်ရွေးစင် ဘော်လီဘောအသင်းသည် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပမည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်မျိုးစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောင်မြင်မှုရယူ နိုင်ရန်အတွက် နိုင်ငံခြားသားနည်းပြ ငှားရမ်း လေ့ကျင့်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဘော်လီဘောအဖွဲချုပ်သည် မြန်မာ့လက်ရွေးစင်ဘော်လီဘောအသင်းအတွက် အမေရိကန်နည်းပြဆရာတစ်ဦး ကာလတိုငှားရမ်းထားပြီး ယင်းနည်းပြဆရာသည် ဇူလိုင် ၂ ရက်တွင် ရောက်ရှိလာ မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်သည် ယင်းနည်းပြဆရာကို စက်တင်ဘာအထိသာ ငှားရမ်းထားခြင်းဖြစ်ပြီး ၎င်း၏ စွမ်းဆောင်ရည်အပေါ်မူတည်၍ သက်တမ်းတိုးမည်ဖြစ်သည်။
"ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မယ့် လက်ရွေးစင်ကစားသမားတွေအတွက် အမေရိကန်နည်းပြတစ်ဦး ငှားရမ်းထားပါတယ်။ သုံးလစာချုပ်နဲ့ ကာလတိုငှားရမ်းထား တာဖြစ်ပြီး စက်တင်ဘာအထိဖြစ်ပါတယ်။ သူ့ရဲ့စွမ်းဆောင် ရည်နဲ့ ကစားသမားတွေရဲ့ တိုးတက်မှုနှုန်းကိုကြည့်ပြီး သက်တမ်းတိုးမတိုး ဆုံးဖြတ်မှာပါ။ လက်ရွေးစင်အသင်းကို လက်ရှိခန့်အပ်ထားတဲ့နည်းပြ ဦးကျော်စွာဝင်းနဲ့ ကိုင်တွယ်စေမှာဖြစ်ပါတယ်။ သြဂုတ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှ ယူ-၂၃ ပြိုင်ပွဲဝင်မယ့် မြန်မာ ယူ-၂၃ အသင်းကို ကိုင်တွယ်ဖို့ကတော့ မဆုံးဖြတ်ရသေးပါဘူး။ သူရောက်လာပြီဆိုရင် အဖွဲ့ချုပ်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှာပါ" ဟု မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးညီညီလွင်က ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် ဘော်လီဘောအသင်းသည် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပမည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်မျိုးစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောင်မြင်မှုရယူ နိုင်ရန်အတွက် နိုင်ငံခြားသားနည်းပြ ငှားရမ်း လေ့ကျင့်ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဘော်လီဘောအမျိုးသားအသင်းသည် နိုင်ငံတကာပြိုင်ပွဲများတွင် ထိုက်သင့်သည့် အောင်မြင်မှုများရရှိနေသော်လည်း အမျိုးသမီးအသင်းမှာမူ အတွေ့အကြုံနည်းပါးမှုကြောင့် အောင်မြင်မှုနှင့် ဝေးကွာလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
