အသက် ၂၆ နှစ်ရှိပြီဖြစ်သည့် အိုင်ဗရီကို့စ်လက်ရွေးစင် ဇာဟာ၏ စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသော်လည်း ဥရောပကလပ်ပြိုင်ပွဲများတွင် ပါဝင်ကစားလိုသဖြင့် လမ်းခွဲရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ခရစ္စတယ်ပဲလေ့စ်အသင်း တောင်ပံကစားသမား ဇာဟာသည် ယခုနွေရာသီတွင် ထွက်ခွာခွင့်ပြုရန် အသင်းတာဝန်ရှိသူများထံ တောင်းဆိုထားကြောင်း ဗြိတိန်သတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။
အသက် ၂၆ နှစ်ရှိပြီဖြစ်သည့် အိုင်ဗရီကို့စ်လက်ရွေးစင် ဇာဟာ၏ စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသော်လည်း ဥရောပကလပ်ပြိုင်ပွဲများတွင် ပါဝင်ကစားလိုသဖြင့် လမ်းခွဲရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ဇာဟာသည် လန်ဒန်၌သာဆက်နေရန် စီစဉ်ထားပြီး ငယ်စဉ်ကတည်းက အားပေးခဲ့သည့် အာဆင်နယ်အသင်းသို့ပြောင်းရွှေ့လိုနေကြောင်း ဗြိတိန်သတင်းဌာနများစွာက ရေးသားဖော်ပြလျက်ရှိသည်။ သို့သော် အာဆင်နယ်အသင်းမှာ လာမည့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၄၅ သန်းသာရရှိထားပြီး ပဲလေ့စ်အသင်းမှာမူ ပေါင်သန်း ၈၀ ရရှိမှ ရောင်းချဖွယ်ရှိနေသည်။
ပဲလေ့စ်အသင်းမှာလည်း ၎င်းအား ရောင်းချဖြစ်ပါက ပြောင်းရွှေ့ကြေး၏ ၂၅ ရာခိုင်နှုန်းကို အသင်းဟောင်း မန်ယူထံ ခွဲပေးရမည်ဖြစ် သောကြောင့် ပေါင်သန်း ၈၀ အထိ အလိုရှိနေခြင်းဖြစ်သည်။ ဇာဟာကမူ ၎င်း၏ ရည်မှန်းချက်နှင့် ပတ်သက်၍ "ကျွန်တော် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရချင်ပါတယ်။ အဲဒီအခွင့်အရေးရဖို့အတွက် ဘာမဆိုလုပ်သွားမှာပါ" ဟု ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
