ZIFA သည် ကစားသမားများ၏လစာအတွက် ဒေါ်လာ ၁၂၅၀၀ ပေးချေရန်ကျန်ရှိနေပြီး တစ်ဦးလျှင် ဒေါ်လာ ၅၅၀၀ စီပေးချေထားရန် ညှိနှိုင်းဆွေးနွေးရာ သဘောတူညီမှုမရခဲ့ကြောင်း သိရသည်။ သို့သော် ကစားသမားများအနေဖြင့် လစာကိစ္စညှိနှိုင်းမှု အဆင်မပြေမချင်း လေ့ကျင့်မှု ပြုလုပ်ရန် ငြင်းဆန်ခြင်းမှာမူ မှန်ကန်ခြင်းမရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
ဇင်ဘာဘွေဘောလုံးအဖွဲ့ချုပ် (ZIFA) နှင့် ကစားသမားများအကြား လစာကိစ္စ ညှိနှိုင်းမှုအဆင်မပြေသဖြင့် DRကွန်ဂိုအသင်း နှင့် အုပ်စုနောက်ဆုံးပွဲအား ယှဉ်ပြိုင်ကစားရန် မသေချာသေးကြောင်း ဇင်ဘာဘွေမီဒီယာ များ၏ဖော်ပြချက်အရ သိရသည်။
ZIFA သည် ကစားသမားများ၏လစာအတွက် ဒေါ်လာ ၁၂၅၀၀ ပေးချေရန်ကျန်ရှိနေပြီး တစ်ဦးလျှင် ဒေါ်လာ ၅၅၀၀ စီပေးချေထားရန် ညှိနှိုင်းဆွေးနွေးရာ သဘောတူညီမှုမရခဲ့ကြောင်း သိရသည်။ သို့သော် ကစားသမားများအနေဖြင့် လစာကိစ္စညှိနှိုင်းမှု အဆင်မပြေမချင်း လေ့ကျင့်မှု ပြုလုပ်ရန် ငြင်းဆန်ခြင်းမှာမူ မှန်ကန်ခြင်းမရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
ဇင်ဘာဘွေအသင်းသည် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲအိမ်ရှင် အီဂျစ်ပါဝင်သည့် အုပ်စု (A) တွင် ပါဝင်နေပြီး နှစ်ပွဲကစား၊ တစ်ပွဲ သရေ၊ တစ်ပွဲရှုံးဖြင့် တစ်မှတ်သာရရှိထား သည်။ အုပ်စုနောက်ဆုံးပွဲစဉ်ကို ိမြန်မာစံတော်ချိန် ဇူလိုင် ၁ ရက် နံနက် ၁း၃၀ တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ် ပြီး ဇင်ဘာဘွေအသင်းအနေဖြင့် နှစ်ပွဲစလုံး ရှုံးနိမ့်ထားသည့် အောက်ဆုံးနေရာမှ DR ကွန်ဂိုအသင်းကို အနိုင်ရပါက ရှုံးထွက်အဆင့် တက်ရောက်ရန် မျှော်လင့်ချက်ရှိနေသည်။ သို့သော် ညှိနှိုင်းဆွေးနွေးမှုအဆင်မပြေပါက ကစားသမားများအပြင် ZIFA တာဝန်ရှိသူ များကပါ ပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုဘဲ နုတ်ထွက်ရန် အပြန်အလှန်ခြိမ်း ခြောက်ထားကြောင်း သိရသည်။
"ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ပြိုင်ပွဲကနေနုတ်ထွက်ဖို့ ဖြစ်နိုင်ခြေက ပိုပြီးများလာပြီလို့လည်း ပြောပါတယ်။ ZIFA တာဝန်ရှိသူတွေအနေနဲ့ ကျွန်တော်တို့စာချုပ်အတွက် အဆင်ပြေအောင်လုပ်ပေးနိုင်စွမ်းမရှိဘူးလို့ ယုံကြည်တဲ့အတွက် အိမ်ကိုပြန်ဖို့ အဆင်သင့်ပဲလို့ ကျွန်တော်တို့ဘက်က ပြောထားပါတယ်" ဟု အမည်မဖော်ပြသည့် ကစားသမားတစ်ဦး၏ပြောကြားမှုကို ဇင်ဘာဘွေ နိုင်ငံထုတ် The Herald သတင်းစာတွင် ဖော်ပြထားသည်။ ZIFA ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ယင်းအခြေအနေအတွက် မှတ်ချက်မပေးလိုသော်လည်း ပြေလည်သွားနိုင်ကြောင်း Reuters သတင်းဌာနသို့ ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
