အင်္ဂလန်အသင်း၏ အုပ်စုအဖွင့်ပွဲ ဖြစ်သည့် ဗြိတိန်ကျွန်းစုပြိုင်ဘက် စကော့တလန်အသင်းနှင့်ပွဲကို ရုပ်သံ မှကြည့်ရှုမှု ၆.၁ သန်းရှိပြီး သမိုင်းတစ်လျှောက် ကြည့်ရှုမှုအများဆုံးအဖြစ် စံချိန်သစ် စတင်ရေးထိုးနိုင်ခဲ့သည်။ ယင်းစံချိန်ကို ဇွန် ၂၃ ရက် က အင်္ဂလန်နှင့် ကင်မရွန်းအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၁၆ သင်းအဆင့် ပွဲစဉ်က ၆.၉ သန်းဖြင့် ချိုးဖျက် နိုင်ခဲ့သလို ဇွန် ၂၇ ရက်တွင် အင်္ဂလန် နှင့် နော်ဝေအသင်းတို့ ယှဉ်ပြိုင် ကစားသည့် ကွာတားဖိုင်နယ်ပွဲစဉ်က ၇.၆ သန်းဖြင့် ထပ်မံချိုးဖျက်၍ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်သည့် အင်္ဂလန်-နော်ဝေပွဲကို ဗြိတိန်၌ ရုပ်သံမှ ကြည့်ရှုမှု ၇.၆ သန်းအထိရှိပြီး သမိုင်းတစ်လျှောက် ကြည့်ရှုမှုအများဆုံး အမျိုးသမီးဘောလုံးပွဲအဖြစ် စံချိန်သစ်တင် ခဲ့ကြောင်း သိရသည်။
ယခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို BBC One ရုပ်သံက ဗြိတိန် နိုင်ငံတစ်ဝန်း ပြသလျက်ရှိပြီး ရုပ်သံမှကြည့်ရှုမှုနှုန်းမှာ တစ်ပွဲထက်တစ်ပွဲ ပိုမိုမြင့်တက်လာကြောင်း သိရသည်။ အင်္ဂလန်အသင်း၏ အုပ်စုအဖွင့်ပွဲ ဖြစ်သည့် ဗြိတိန်ကျွန်းစုပြိုင်ဘက် စကော့တလန်အသင်းနှင့်ပွဲကို ရုပ်သံ မှကြည့်ရှုမှု ၆.၁ သန်းရှိပြီး သမိုင်းတစ်လျှောက် ကြည့်ရှုမှုအများဆုံးအဖြစ် စံချိန်သစ် စတင်ရေးထိုးနိုင်ခဲ့သည်။
ယင်းစံချိန်ကို ဇွန် ၂၃ ရက် က အင်္ဂလန်နှင့် ကင်မရွန်းအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၁၆ သင်းအဆင့် ပွဲစဉ်က ၆.၉ သန်းဖြင့် ချိုးဖျက် နိုင်ခဲ့သလို ဇွန် ၂၇ ရက်တွင် အင်္ဂလန် နှင့် နော်ဝေအသင်းတို့ ယှဉ်ပြိုင် ကစားသည့် ကွာတားဖိုင်နယ်ပွဲစဉ်က ၇.၆ သန်းဖြင့် ထပ်မံချိုးဖျက်၍ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
ထို့ အပြင် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ခုလုံးကို ကြည့်ရှုမှုမှာလည်း ၂၂.၂ သန်းဖြင့် စံချိန်သစ်ဖြစ်ကြောင်း သိရသည်။ အင်္ဂလန်အသင်းသည် ဇူလိုင် ၂ ရက်တွင် ဆီမီးဖိုင်နယ်ပွဲအဖြစ် ချန်ပီယံ အမေရိကန်အသင်း နှင့် ကစားရမညြ်ဖစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
