ရန်ကုန်အသင်း ယာယီနည်းပြချုပ် ဦးတင်မောင်ထွန်းက ခက်ခဲသည့်ပွဲတစ်ပွဲကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဟံသာဝတီအသင်းကို အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ရန်ကုန်အသင်း ယာယီနည်းပြချုပ် ဦးတင်မောင်ထွန်းက ခက်ခဲသည့်ပွဲတစ်ပွဲကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဟံသာဝတီအသင်းကို အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ဦးတင်မောင်ထွန်းက " ဒီပွဲက အရမ်းကိုခက်ခဲပါတယ်။ ပွဲစဉ် (၁၃) အပြီး အဆင့် (၁) နဲ့ (၂) နေရာမှာ ရှိနေတဲ့အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ ဟံသာဝတီအသင်းကလည်း အသင်းကောင်းတစ်သင်းပါ။ ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံဆုကာကွယ်နိုင်ဖို့က ပြောဖို့စောပါသေးတယ်။ နောက်ထပ်ပွဲတွေ အများကြီးကန်ရဦးမှာပါ။ ခက်ခဲတဲ့ပွဲတစ်ပွဲကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပေမယ့် အခုပွဲလိုမျိုး ခက်ခဲ့တဲ့ပွဲတွေ ထပ်မံရင်ဆိုင်ရဦးမှာပါ။ ကစားသမားတွေက ကျွန်တော်လိုချင်တဲ့အတိုင်း ကစားနိုင်တဲ့အတွက် ရလဒ်ကောင်းနေတာပါ။ သူတို့ ကြိုးစားလို့ အသင်းအနေနဲ့ နိုင်ပွဲ တွေရနေတာပါ" ဟု ပြောကြားခဲ့သည်။
ရန်ကုန်အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီး ယခုရာသီတွင် လေးကြိမ်မြောက် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။ ပြိုင်ပွဲပြီးဆုံးရန် ရှစ်ပွဲထပ်မံကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
