Top News

အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကြောင့် အီဂျစ်အသင်းမှထုတ်ပယ်ခံထားရသူ ၀ါဒါကို ရှုံးထွက်အဆင့်မှစ၍ ပြန်လည်ကစားခွင့်ပြုမည်
24htopnews | October 14, 2024 3:12 PM CST

အီဂျစ်အသင်းတိုက်စစ်မှူး ဆာလာအပါအဝင် အသင်းဖော်များက လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ရှုတ်ချသော်လည်း ၎င်းအား ဒုတိယအကြိမ် အခွင့်အရေးပေးသင့်ကြောင်း တိုက်တွန်းခဲ့သောကြောင့် ရှုံးထွက်အဆင့်မှစ၍ ပြန်လည်ကစားခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

အီဂျစ်ဘောလုံးအဖွဲ့ချုပ်(EFA) သည် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကြောင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် အီဂျစ်အသင်းလူစာရင်းမှ ထုတ်ပယ်ခံထားရသည့် ကွင်းလယ်လူ အာမာဝါဒါကို အသင်းဖော်များ၏ တောင်းဆိုမှုကြောင့် ရှုံးထွက်အဆင့်မှစ၍ ပြန်လည်ကစားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဂရိကလပ် PAOK အသင်း ကစားသမားဖြစ်သူ ၀ါဒါ (၂၅ နှစ်) သည် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာနှောင့်ယှက်သည့် စကားလုံးများဖြင့် Comment ရေးသားပြောဆိုခြင်း၊ ညစ်ညမ်းဗီဒီယိုဖိုင်များပေးပို့ခြင်းပြုလုပ် ခဲ့ကြောင်း သိရသည်။ ၎င်း၏နှောင့်ယှက်ခြင်းခံရဖူးသည့် အမျိုးသမီးများစွာက Screenshot များနှင့် သက်သေအထောက်အထားများကို လူမှုကွန်ရက်တွင်ပြသရာမှ ဝေဖန်မှုထွက်ပေါ်လာခြင်းဖြစ်ပြီး EFA ကလည်း DR ကွန်ဂိုအသင်း နှင့် အုပ်စုဒုတိယပွဲမတိုင်မီ ၎င်းအား လူစာရင်းမှထုတ်ပယ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အီဂျစ်အသင်းတိုက်စစ်မှူး ဆာလာအပါအဝင် အသင်းဖော်များက လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ရှုတ်ချသော်လည်း ၎င်းအား ဒုတိယအကြိမ် အခွင့်အရေးပေးသင့်ကြောင်း တိုက်တွန်းခဲ့သောကြောင့် ရှုံးထွက်အဆင့်မှစ၍ ပြန်လည်ကစားခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၀ါဒါ၏လုပ်ရပ်နှင့်ပတ်သက်၍ ဆာလာက "ကျွန်တော်တို့အနေနဲ့ ဒုတိယအကြိမ်အခွင့်အရေးဆိုတာကို ယုံကြည်သင့်တယ်။ ကျွန်တော်တို့ဘက်က သင်ကြားပြသမှုတွေ၊ လမ်းညွှန်မှုတွေလုပ်ပေးဖို့ လိုအပ်တယ်။ ဖယ်ထုတ်လိုက်တယ်ဆိုတာ အဖြေမဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

EFA ကလည်း ၎င်းအား ပြန်လည်ကစားခွင့်ပြုမည့် ဆုံးဖြတ်ချက် နှင့်ပတ်သက်၍ "ဟာနီအဘူရီဒါ (EFA ဥက္ကဋ္ဌ) အနေဖြင့် အာမာဝါဒါ၏ လုပ်ရပ်ကို ခွင့်လွှတ်ရန် အသင်းဖော်များ၏ တောင်းဆိုမှုကို အသိအမှတ်ပြုပါ သည်။ သို့ဖြစ်ရာ ၎င်း၏ ပြစ်ဒဏ်ကိုလျှော့ပေါ့ပေး၍ ပထမအဆင့်အပြီးတွင် ပြန်လည်ကစားခွင့်ပြုရန် ဆုံးဖြတ်လိုက်ပါသည်" ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 


READ NEXT
Cancel OK