Top News

ကမ္ဘာ့ထိပ်တန်း စာရင်းအင်းကုမ္ပဏီ Football Benchmark က ထုတ်ပြန်သည့် နေရာအလိုက် တန်ဖိုးအမြင့်ဆုံးကစားသမား၁၁ ဦးစာရင်းတွင် လီဗာပူးလ်အသင်းမှ လေးဦးဖြင့် အများဆုံးပါဝင်
24htopnews | October 14, 2024 3:12 PM CST

ကစားသမားများ၏ တန်ဖိုးတွက်ချက်ရာတွင် ကစားသည့် နေရာ၊ အသက်အရွယ်နှင့် နိုင်ငံသား၊ စာချုပ်သက်တမ်း၊ တစ်ဦးချင်းကွင်းတွင်းစွမ်းဆောင်ရည်၊ စည်းကမ်းပိုင်း အခြေအနေ၊ လက်ရွေးစင်အသင်း အတွက် စွမ်းဆောင်မှု၊ မီဒီယာနှင့် စီးပွားရေးကုမ္ပဏီများ အပေါ် လွှမ်း မိုးနိုင်မှု၊ အသင်းလိုက်စွမ်းဆောင်ရည်၊ အသင်းအတွက် အရေးပါမှု စသည့်အချက်များအပေါ်မူတည်၍ တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ထိပ်တန်း စာရင်းအင်းကုမ္ပဏီလေးခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် နယ်သာလန်အခြေ စိုက် KPMG ကုမ္ပဏီက စီစဉ်ဆောင် ရွက်နေသော Football Benchmark  (ဘောလုံးစံသတ်မှတ်ချက်) က ထုတ်ပြန်သည့် နေရာအလိုက် တန်ဖိုးအမြင့်ဆုံး ကစားသမား ၁၁ ဦး စာရင်းတွင် လီဗာပူးလ်အသင်းမှ လေးဦးဖြင့် အများဆုံးရွေးချယ်ခံထားရကြောင်း သိရသည်။

KPMG ကုမ္ပဏီသည် ဥရောပထိပ်တန်းလိဂ်ကိုးခု (ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါ၊ လီဂူး-၁၊ ဒတ်ချ်လိဂ်၊ ဘယ်လ် ဂျီယံပရိုလိဂ်၊ ပေါ်တူဂီပရီးမီးယားလီဂါ၊ တူရကီစူပါလိဂ်) အပါအဝင် ဘရာဇီးလ်နှင့် အာဂျင်တီးနားလိဂ် ပြိုင်ပွဲများမှ ကစားသမား ၄၀၀၀ ကျော်ကို သုတေသနပြုလုပ်၍ ယခု နွေရာသီစျေးကွက်အတွက် ဖြစ်နိုင်ခြေတန်ဖိုးများကို တွက်ချက်ထုတ်ပြန်ထားသည်။

ကစားသမားများ၏ တန်ဖိုးတွက်ချက်ရာတွင် ကစားသည့် နေရာ၊ အသက်အရွယ်နှင့် နိုင်ငံသား၊ စာချုပ်သက်တမ်း၊ တစ်ဦးချင်းကွင်းတွင်းစွမ်းဆောင်ရည်၊ စည်းကမ်းပိုင်း အခြေအနေ၊ လက်ရွေးစင်အသင်း အတွက် စွမ်းဆောင်မှု၊ မီဒီယာနှင့် စီးပွားရေးကုမ္ပဏီများ အပေါ် လွှမ်း မိုးနိုင်မှု၊ အသင်းလိုက်စွမ်းဆောင်ရည်၊ အသင်းအတွက် အရေးပါမှု စသည့်အချက်များအပေါ်မူတည်၍ တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။ ယခု Football Benchmark က ထုတ်ပြန်သည့် ကစား သမား ၁၁ ဦးစာရင်းကို (၄-၃-၃) ကစားကွက်ဖြင့် အခြေခံရွေးချယ် ထားပြီး နေရာတစ်ခုချင်းစီအလိုက် တန်ဖိုးအမြင့်ဆုံးကစားသမားများကိုသာ ရွေးချယ် ထားခြင်းဖြစ်သည်။

PSG အသင်း လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက ယူရို ၂၂၅ သန်းဖြင့် ကမ္ဘာတစ်ဝန်း တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး တိုက်စစ်သုံးဦးနေရာတွင် ၎င်းနှင့်အတူ PSG အသင်းဖော် နေမာက ယူရို ၁၉၅ သန်း၊ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီက ယူရိုသန်း ၁၉၀ ဖြင့် ရွေးချယ်ခံခဲ့ရသည်။

ကွင်းလယ်ကစားသမားများအနက် မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာက ယူရို ၁၂၇ သန်းဖြင့် အမြင့် ဆုံးသတ်မှတ်ခံထားရပြီး မန်စီးတီး အသင်းကွင်းလယ်လူ ဒီဘရိုင်းနားက ယူရိုသန်း ၁၂၀ ဖြင့် လည်းကောင်း၊ ချယ်လ်ဆီးအသင်းကွင်းလယ်လူ  ကွန်တေက ပေါင်သန်း ၉၀ ဖြင့် လည်းကောင်း ရွေးချယ်ခံထားရသည်။

နောက်ခံလူများအနက် လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်က ယူရို ၉၈ သန်းဖြင့် ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ရီးယဲလ်အသင်း နောက်ခံလူ ဗာရန်းက ယူရို ၈၆ သန်း၊ လီဗာပူးလ်အသင်းညာနောက်ခံလူ အာနိုးလ်က ယူရို ၈၁ သန်းနှင့် ဘယ်နောက်ခံလူ ရောဘတ်ဆန်က ယူရို ၆၆ သန်းဖြင့် အစဉ်လိုက်ရပ်တည်နေကာ ဂိုးသမားများတွင်မူ လီဗာပူးလ်အသင်းဂိုးသမား အယ်လစ်ဆန်က ယူရို ၉၆ သန်းဖြင့် အမြင့်ဆုံးသတ်မှတ်ခံထား ရကြောင်း သိရသည်။

 


READ NEXT
Cancel OK