မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူ နိုက်တက်အသင်းသည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် ဖြစ်ပေါ် ခဲ့သည့် ရေဘေးသင့်နေရာများသို့ လိုအပ် သည့်ပစ္စည်းများ ပံ့ပိုးလှူဒါန်းလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် ကလောမြို့နယ်နှင့် အင်း လေးဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ၏ လိုအပ် ချက်များကို ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ ဦးဆောင်၍ အသင်းတာ ဝန်ရှိသူများ၊ ကစားသမားများ၊ Kalaw Garden Eastae တို့မှ တာဝန်ရှိသူများက စက်တင်ဘာ ၁၈ ရက်မှ စ၍ လှူဒါန်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက် ဘောလုံးအသင်း တာဝန်ရှိသူများသည် ကလောမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ် ကွက်များနှင့် အင်းလေးဒေသရှိ ရေဘေးသင့် ပြည်သူများ၊ ကလောဘူတာရှိ မြန်မာ့မီးရထား မှ ရေဘေးသင့်ဝန်ထမ်းများသို့ အစား အသောက်များ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများကို နေရာဒေသအရောက် သွားရောက်လှူဒါန်းပြီး သောက်ရေ၊ သုံးရေများရရှိရေး အတွက်လည်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ ကလောမြို့နယ်နှင့် အင်းလေးဒေသ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ရှမ်းယူနိုက် တက်အသင်း ဘောလုံးအသင်းအပါအဝင် အသင်းဥက္ကဋ္ဌ၏ ကုမ္ပဏီများ၊ စေတနာရှင် များက အောက်တိုဘာ ဒုတိယပတ်အထိ ကျပ်သိန်း ၁၂၀၀ ကျော် ပါဝင်ကူညီလှူဒါန်း ထားကြောင်း သိရသည်။
ထို့ပြင် ရှမ်းယူနိုက်တက်ဘောလုံးအသင်း သည် စက်တင်ဘာ ၂၁ ရက်ကလည်း တောင်ငူ မြို့နယ်အတွင်းမှ ရေဘေးသင့်အိမ်ထောင်စု ၁၄၀ အတွက် အစားအသောက်များ၊ အသုံး အဆောင်ပစ္စည်းများ၊ ဆေးဝါးများ သွား ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့ သည့်လက မြန်မာနိုင်ငံရှိ နေရာဒေသအချို့ တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများ ကြောင့် ရေဘေးသင့်ဒေသများတွင် အခက် အခဲများဖြစ်ပေါ်ခဲ့ရာ မြန်မာ့ဘောလုံးအသိုင်း အဝိုင်းက တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီ လှူဒါန်းခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
