Top News

အိမ်ဖြူတော်သို့သွားရန် ငြင်းဆန်သော်လည်း အောက်လွှတ်တော်၏ကမ်းလှမ်းမှုကို အမေရိကန်အမျိုးသမီးဘောလုံးအသင်း ပူးတွဲအသင်းခေါင်းဆောင် ရာပီနိုး လက်ခံ
24htopnews | October 14, 2024 3:12 PM CST

ထရန့်ကလည်း Twitter မှတစ်ဆင့် ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ဦးစွာချန်ပီယံဆု ရယူနိုင်ရန် ကြိုးစားသင့်ကြောင်းနှင့် မိမိအလုပ်ကိုသာ ပြီးမြောက်အောင် လုပ်သင့်ကြောင်း ဝေဖန်ပြောကြားထားသည်။

 

အမေရိကန်အမျိုးသမီးဘောလုံးအသင်း၏ ပူးတွဲအသင်းခေါင်းဆောင် ရာပီနိုးသည် အိမ်ဖြူတော်သို့သွားရန် ငြင်းဆန်ထားသော်လည်း အောက်လွှတ်တော်၏ဖိတ်ကြားမှုကို လက်ခံခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၌ ဘောလုံး အပါအဝင် အားကစားနည်းအမျိုးမျိုးတွင် ချန်ပီယံအောင်မြင်မှုရရှိသူများအား သမ္မတက အိမ်ဖြူတော်သို့ဖိတ်ကြား၍ ဂုဏ်ပြုခြင်းမှာ အစဉ်အလာတစ်ရပ်ဖြစ်သည်။ သို့သော် ရာပီနိုးက သမ္မတ ဒေါ်နယ်ထရန့်၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို သဘောမကျသဖြင့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆုရယူနိုင်ပါက  အိမ်ဖြူတော်သို့ဖိတ်ကြားမှုကို လက်ခံမည်မဟုတ်ကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်က ထုတ်ဖော် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ထရန့်ကလည်း Twitter မှတစ်ဆင့် ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ဦးစွာချန်ပီယံဆု ရယူနိုင်ရန် ကြိုးစားသင့်ကြောင်းနှင့် မိမိအလုပ်ကိုသာ ပြီးမြောက်အောင် လုပ်သင့်ကြောင်း ဝေဖန်ပြောကြားထားသည်။

ယင်းကဲ့သို့ အခြေအနေတင်းမာနေစဉ် ဒီမိုကရက်ပါတီမှ အောက်လွှတ်တော်အမတ် အိုကာဆီယိုကော်တက်ဇ်က ရာပီနိုးအပါအဝင် ကစားသမားအားလုံး အောက်လွှတ်တော်သို့ အချိန်မရွေးလာရောက်လည်ပတ်နိုင်ကြောင်း ဖိတ်ကြားခဲ့ရာ ရာပီနိုးက "လာဖို့ဆုံးဖြတ်ထားပါတယ်" ဟု လျင်မြန်စွာအဖြေပေးခဲ့ခြင်းဖြစ်သည်။

 


READ NEXT
Cancel OK