Top News

ပီရူးနှင့် ပွဲတွင် ပယ်နယ်တီလွဲခဲ့သည့် ဆွာရက်ဇ်ကို အသင်းဖော်များနှစ်သိမ့်ခဲ့ရ
24htopnews | October 14, 2024 3:12 PM CST

 

မနေ့က ကစားခဲ့သည့် ပီရူးအသင်းနှင့် ကိုပါအမေရိကကွာတားဖိုင်နယ်ပွဲစဉ်တွင် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာ၌ လွဲချော်ခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ကို အသင်းဖော်များက နှစ်သိမ့်ခဲ့ရ ကြောင်း သိရသည်။

ယင်းပွဲစဉ်တွင် ဥရုဂွေးအသင်းသည် ပီရူးအသင်းကို ပွဲချိန်အတွင်း (၀-၀) ဂိုးဖြင့် သရေကျခဲ့သည့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရသည်။

ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် ဆွာရက်ဇ်တစ်ဦးတည်း သာလွဲချော်ခဲ့ပြီး ပီရူးအသင်းက ပယ်နယ်တီ (၅-၄) ဂိုးဖြင့်အနိုင်ရခဲ့သည်။

ယင်းပွဲအပြီးတွင် ပယ်နယ်တီလွဲချော်ခဲ့သည့် ဆွာရက်ဇ်မှာ ငိုကြွွေးနေခဲ့ပြီး အသင်းဖော်များက နှစ်သိမ့်ခဲ့ရကြောင်း သိရသည်။

 


READ NEXT
Cancel OK