တိုင်ပေ၊အောက်တိုဘာ ၁၄
ထိုင်ဝမ်ရှိ ခွဲထွက်ရေးစိတ်အားထက်သန်သူများကို ပြင်းပြင်းထန်ထန်သတိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ထိုင်ဝမ်အနီးတစ်ဝိုက်၌ တရုတ်က စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်နေကြောင်းသိရသည်။
ယင်းသို့ပြုလုပ်ရာ၌ ထိုင်ဝမ်အနီးတစ်ဝိုက်လှည့်လည်နေသည့် တရုတ်လေယာဉ်နှင့်သင်္ဘောများပါဝင်ကြောင်းလည်းသိရှိရသည်။
ထိုင်ဝမ်သမ္မတလိုင်ချင်တီ၏မိန့်ခွန်းကို တရုတ်ကရှုံ့ချခဲ့ပြီး အရေးယူမှုပြုလုပ်မည့်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က သတိပေးခဲ့ပြီးနောက် တရုတ်က စစ်ရေးလေ့ကျင့်မှု ကို ပြုလုပ်လာခြင်းဖြစ်သည်။
လက်ရှိထိုင်ဝမ်သမ္မတလိုင်ချင်တီသည် ထိုင်ဝမ်နှင့်ပေကျင်းအရေး၌ ယခင်သမ္မတဆိုင်အင်ဝမ်ထက်ပင် ပိုမိုပြတ်သားစွာပြောဆိုလုပ်ဆောင်သဖြင့် ခွဲထွက်ရေးသမားအဖြစ် ပေကျင်းကရှုံ့ချထားသူလည်းဖြစ်သည်။
တရုတ်၏ ယခုနောက်ဆုံးပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်က အသုံးမကျသည့်ရန်စခြင်းတစ်ခုသာဖြစ်သည်ဟုရှုံ့ချခဲ့ပြီး ထိုင်ဝမ်ဘက်ကလည်း တုန့်ပြန်သည့်အနေဖြင့် တပ်ဖွဲ့များကိုစေလွှတ်ခဲ့သည်ဟုပြောကြားခဲ့သည်။
တရုတ်ကမူ ၎င်း၏စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့များ၏ ခွဲထွက်ရေးလှုပ်ရှားမှုကို ပြင်းထန်စွာသတိပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အာစီ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
