နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း ဝင်ရောက်ကာ အမျိုးသမီး တစ်ဦးအား သတ်ဖြတ်၍ လုယက်မှုကျူးလွန်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)နေ အသက် (၆၁)နှစ်အရွယ် ဒေါ်စန္ဒာမိုး သည် တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတိုက်ခန်း၏ဧည့်ခန်းအတွင်း ကြမ်းပြင်ပေါ်၌ ဒေါ်စန္ဒာမိုးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်း(ပ)၄၃/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၃၉၂ ဖြင့် အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ အခင်းဖြစ်ရပ်မှတ်တမ်းအထောက်အထားများ ရယူ၍ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းနှင့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များကို အခြေခံ၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့ နယ်၊ သုခတော်ဝင်အိမ်ရာဝန်းအနီး ကျူးကျော်တဲနေ မျိုးမင်းထွန်း အား အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ကျူးကျော်တဲ၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်နေ ကိုဖြိုး(ခ)ဖြိုးသက်ပိုင် အား အောက်တိုဘာ ၁၁ ရက် ည ၉ နာရီတွင် မန္တလေးမြို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာနေ ငရဲ(ခ)ရဲလင်းဦး(ခ)ရဲရဲ အား အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မကွေး-မန္တလေးပြေးဆွဲသည့် ခရီးသည်တင်ယာဉ်ပေါ်၌လည်းကောင်း လုယက်ယူဆောင်ခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာဝန်းတွင် ဆေးသုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုဖြိုး(ခ)ဖြိုးသက်ပိုင်သည် ၎င်း၏အလုပ်ရှင်ဖြစ်သူမှတစ်ဆင့် ခင်မင်ရင်းနှီးသူ ဒေါ်စန္ဒာမိုး သည် သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)၌ တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်းသိရှိရပြီး ၎င်း၏ ကိုယ်ရေးကိုယ်တာအခက်အခဲများနှင့် ငွေကြေးဆိုင်ရာ လိုအပ်ချက်များအား ဖြေရှင်းနိုင်ရန်အတွက် ဒေါ်စန္ဒာမိုးအား သတ်ဖြတ်၍ ပစ္စည်းများလုယက် ယူဆောင်ရန် အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် ၎င်း၏လုပ်ဖော်/ကိုင်ဖက်များဖြစ်ကြ သည့် မျိုးမင်းထွန်းနှင့် ငရဲ(ခ)ရဲလင်းဦး(ခ)ရဲရဲတို့နှင့် ကြိုတင်တိုင်ပင်ခဲ့ကြကြောင်း နစကမှ ထုတ်ပြန်သည်။
အခင်းဖြစ်ပွားသည့် အောက်တိုဘာ ၆ ရက်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုရန်အတွက် အရိုးအသွား ၁၀ လက်မခန့်ရှိ ဝါးရိုးတပ်ဓားဦးချွန် ၂ ချောင်းအား ချယ်ရီဈေးမှ လည်းကောင်း၊ ရာဘာလက်အိတ် ၃ စုံအား သုခတော်ဝင်အိမ်ရာဝန်းအတွင်းရှိ ဆေးဆိုင်မှ လည်းကောင်း ဝယ်ယူကာ ည ၆ နာရီခွဲတွင် ဒေါ်စန္ဒာမိုးနေထိုင်ရာ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း(၁၃)သို့ သွားရောက်ခဲ့ပြီး ဒေါ်စန္ဒာမိုးနှင့် တွေ့ဆုံစကားပြောနေစဉ် ဒေါ်စန္ဒာမိုးမှ ၎င်းတို့သုံးဦး စားသုံးရန်အတွက် ဆန်များထည့်ပေးနေစဉ် မျိုးမင်းထွန်းနှင့် ကိုဖြိုး(ခ)ဖြိုးသက်ပိုင် တို့မှ ဒေါ်စန္ဒာမိုးအား နောက်မှ သိုင်းဖက်ချုပ်ကိုင်ပေးပြီး ငရဲ(ခ)ရဲလင်းဦး(ခ)ရဲရဲမှ အသင့်ယူဆောင်လာသော ဓားဖြင့် လေးချက်ခန့်ထိုး၍ ဒေါ်စန္ဒာမိုးလဲကျသွားစဉ် ၎င်းဝတ်ဆင်ထားသည့် နားကပ်တစ်ရံနှင့် နေအိမ်အတွင်းရှိ Samsung Galaxy A32 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ငွေကျပ် ၂၀၀၀၀ တို့အား လုယက် ယူဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု ဖော်ထုတ်သိရှိရကြောင်း နစကမှ ထုတ်ပြန်သည်။
ဖြစ်စဉ်တွင် နေအိမ်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်လုယက်မှု ကျူးလွန်ခဲ့သူ ငရဲ(ခ)ရဲလင်းဦး(ခ)ရဲရဲ၊ မျိုးမင်းထွန်းနှင့် ကိုဖြိုး(ခ)ဖြိုးသက်ပိုင်တို့ သုံးဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ
များအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
