မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ်ကာလ ရုံးပိတ်ရက်တွင် ဘုရားဖူးလာရောက်ကြရန် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၌ အခန်းမှာယူထားမူ ရာခိုင်နှုန်း ၉၀ ကျော် ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)တာ ဝန်ရှိသူများထံမှ သိရသည်။
ပုဂံဒေသသို့ ၂၀၂၂ ခုနှစ်က ဝင်ရောက် သည့် ပြည်တွင်းပြည်ပဧည့်သည်နှင့် ၂၀၂၃ ခုနှစ် ဝင်ရောက်မှု နှိုင်းယှဉ်ပါက ၂၀၂၂ ခု နှစ်၌ ပြည်တွင်းပြည်ပဧည့်သည် ၁၈၇၉၄၃၈ ဦးဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည် ၅၂၂၉၁၄၉ ဦး ဝင် ရောက်ခဲ့ကြောင်း၊ ပုဂံဒေသ ခရီးသွားဝင် ရောက်မှု ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် နှိုင်း ယှဉ်ချက်အရ ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည် ဝင်ရောက ်လည်ပတ် မှု သုံးဆရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။
“လောလောဆယ် ပုဂံမှာ ၉၀ ရာခိုင်နှုန်း ဟိုတယ်တွေက ပြည့်သွားပြီ။ ပိတ်ရက်က ၁၆၊ ၁၇၊ ၁၈၊ ၁၉ ရက်တွေက ပြည့်သွားပြီ။ ဒီနှစ် သီတင်းကျွတ်က ပုဂံမှာ အရမ်းစည်မယ် လို့ ယူဆရတယ်။ ဘာလို့ဆိုတော့ အင်းလေး ကလောတို့ဘက်မှာ သဘာဝဘေးကြောင့်ဆို တော့လေ အဓိကလည်ပတ်စရာက မန္တလေး ရန်ကုန်၊ ပုဂံ၊ ကျိုက်ထီရိုး၊ ချောင်းသာတို့ လည်ပတ်ကြတာများမယ်ထင်တယ်။ ရန်ကုန်၊ မန္တလေးက လူတွေက အများဆုံး ပုဂံဒေသ ကို လာရောက်လည်ပတ်ကြမယ်ထင်တယ်။ ရုံးပိတ်ရက် ရက်ရှည် ငါးရက်ဆိုတော့ လာဖို့ များကြမယ်။ ပုဂံခရီးစဉ်ဒေသမှာရှိတဲ့ ဟိုတယ် မိုတယ် တည်းခိုရိပ်သာတွေ အားလုံး က ဝန် ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့ ကြိုတင်ပြင် ဆင်မှုတွေ တစ်လကျော်လောက်က ပြင်ဆင် ထားပါတယ်။ ပုဂံခရီးစဉ်ဒေသကို လာရောက် လည်ပတ်ဖို့ ခရီးစဉ်အသစ်တွေကိုလည်း ဖော် ဆောင်ထားတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်က ပြော ကြားသည်။
ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သည့်အခါ ပုဂံဒေသရှိယဉ်ကျေးမှု အမွေအနှစ် ဓလေ့ထုံးတမ်းစဉ်လာများ၊ သ ဘာဝရေမြေရခင်းအလှများ၊ ဒေသမျိုးစိတ်ကျေးငှက်သတ္တဝါလေးများ၊ အနုပညာလက် ရာများအပြင် တစ်ဆက်တစ်စပ်တည်းသွား ရောက်နိုင်သည့် ခရီးစဉ်ခုနစ်ခုကို သွားရောက် လည်ပတ်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီး က ခရီးစဉ်များကို ဖော်ဆောင်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
